ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းဖွင့်လှစ်ရေးတွေ့ဆုံဆွေးနွေး

 

မကွေး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံ ရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့် လှစ်နိုင်ရေးအတွက်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ချောက်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပခဲ့ သည်။

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

နတ်မောက် ဇူလိုင် ၁ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မင်းရွာကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မင်းဘူး(စကု)၊ ဇူလိုင်​ ၊ ၁၀

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး(စကု) မြို့နယ်​ မင်းရွာ​​ကျေးရွာအုပ်​စု၌ ယ​နေ့ ကျင်းပပြုလုပ်​သည့် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲနှင့် ပါတီဝင်​ကဒ်​​ပေးအပ်​ပွဲအခမ်းအနားသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌ 
ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​ပါတီ‌အတွင်း​ရေးမှူး ဦးစိန်​​ရွှေမင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးမြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်နင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် – ၁ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ကို ၁၀.၇.၂၀၁၈ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) သို့ မကွေးတိုင်းတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ တက်ရောက်အမှာစကားပြောကြားပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီများ သင်တန်းသား ၇၀ ဦးတို့ တက်ရောက်ကြကြောင်းသိရှိရပါသည်။

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့နယ်​ အမှတ်​ (၂) မဲဆန္ဒနယ်​​မြေ ၂၀၁၈ ကြားဖြတ်အောင်နိုင်ရေး ညှို နှိုင်း​ဆွေးနွေးပွဲသို့ ဗဟိုအတွင်း​ရေးမှူးနှင့်အဖွဲ့ တက်ရောက်ဆွေးနွေး

 

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့နယ်​ အမှတ်​ (၂) မဲဆန္ဒနယ်​​မြေ ၂၀၁၈ ကြားဖြတ်အောင်နိုင်ရေး ညှို နှိုင်း​ဆွေးနွေးပွဲသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး။ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ​အောင်​နိုင်​​ရေး​ကော်​မတီအဖွဲ့ဝင်​များ တက်​​ရောက်​​ဆွေး​နွေး ​ဆောင်​ရွက်​ကြပါသည်


မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မ​ကွေး၊ ဇူလိုင်​ ၊ ၅

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေနှင့်ဖွံ့ဖြိုးရေးပါတီ မ​ကွေးမြို့နယ် ပါတီ​ကော်​မတီ ဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၀၉း၃၀ နာရီမှ စတင်​၍ မ​ကွေးတိုင်း​ဒေသကြီးပါတီ အစည်းအ​ဝေးခန်းမ၌ ပြူလုပ်​ခဲ့ရာ တိုင်းဘဏ္ဍာာ​ရေးမှူး ဦးကြည်​ထွန်း၊ မ​ကွေးခရိုင်​​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ တက်​​ရောက်
ဆွေး​နွေး ​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင်အသစ်များ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

ငဖဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ကွန်ပျူတာသင်တန်းဆင်း

 

ငဖဲ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လပတ်ပုံမှန်အစည်းအဝေး ၆/၂ဝ၁၈ ကို ယနေ့နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိလည်း ကောင်း၊ငဖဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် MMC Computer Center တို့ဧပြီနှင့်မေအတွင်းက ပူးတွဲဖွင့် လှစ်ခဲ့သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်း၏ သင်တန်းဆင်းပွဲကို နံနက် ၉ နာရီခွဲမှ ၁ဝ နာရီခွဲအထိ သီးခြားစီ ကျင်းပ ခဲ့ပါသည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရမ်းဇမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအားငွေလှူဒါန်း

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၂ရက် ည ၈နာရီတွင် လေပြင်း မုန်တိုင်းတိုက်ခတ်ပြီး ဦးဌေးကြီး-ဒေါ်အိမ်မြဲတို့၏ အိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာရေးမှူး ခရိုင်ကော်မတီဝင် ဒေါ်မြသန္တာဦး၊ မြို့နယ်ကော်မတီဝင် ဦးအေးကျော်ခိုင်၊ နယ်မြေတာဝန်ခံဒေါ်အေးမြသူ၊ အောက်ညဥ့်ကျေးရွာစည်းရုံးရေးမှူးဦးစန်းရွှေတို့နှင့်အဖွဲ့တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ဦးဌေးကြီးအိမ်တွင် ငွေကျပ် ၄ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။