မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မကွေး ၊ သြဂုတ် ၂

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် တိုင်းဒေသကြီးပါတီရုံး၌ ဆရာတော် သံဃာတော်များအားပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ ကြပါသည်။ ထို့နောက် ရေစက်ချတရားနာကြားခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းမှုကို ပါတီဗဟိုအလုပ်အမှုဆောင်  မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီအဆင့်ဆင့်တို့မှ ပါတီကော်မတီဝင်များက ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။