သီရိလကၤာအစိုးရက အလုပ္သမားမ်ား၏ အနည္းဆုံးလုပ္ခလစာကို ၄၀ ရာခိုင္ႏႈန္းျမႇင့္တင္ေပးရန္ သေဘာတူ

မတ္လ ၂၈

အလုပ္သမားမ်ားအတြက္ သတ္မွတ္ေပးထားသည့္ လက္ရွိအနည္းဆုံးလုပ္ခလစာကို ၄၀ ရာခိုင္ႏႈန္း ျမႇင့္တင္ေပးရန္ သီရိလကၤာအစိုးရက သေဘာတူထားေၾကာင္း ထုတ္ျပန္ခဲ့သည္။
ႏွစ္ေပါင္းမ်ားစြာအတြင္း အျပင္းထန္ဆုံးဘ႑ာေရးအက်ပ္အတည္းႏွင့္ ရင္ဆိုင္ခဲ့ရၿပီးေနာက္ စီးပြားေရး အရ ျပန္လည္နာလန္ထူရန္ႀကိဳးစားေနရစဥ္ လူေနမႈစရိတ္ျမင့္တက္လာမႈႏွင့္ ရင္ဆိုင္ေနရေသာ အလုပ္သမား မ်ားအတြက္ အေထာက္အကူျပဳနိုင္ရန္ အနည္းဆုံးလုပ္ခလစာ ျမႇင့္တင္ေပးေရးအတြက္ သီရိလကၤာအစိုးရက သေဘာတူခဲ့ျခင္းျဖစ္သည္။
၂၀၂၂ ခုႏွစ္အတြင္း နိုင္ငံျခားအရန္ေငြ စံခ်ိန္တင္က်ဆင္းခဲ့ျခင္းေၾကာင့္ သီရိလကၤာနိုင္ငံမွ ႏွစ္ ၇၀ အတြင္း အဆိုးရြားဆုံးဘ႑ာေရးအက်ပ္အတည္းႏွင့္ ရင္ဆိုင္ခဲ့ရသည္။ သီရိလကၤာအလုပ္သမားမ်ားအတြက္ သတ္မွတ္ ထားသည့္ အနိမ့္ဆုံးလုပ္ခလစာကို လက္ရွိ႐ူပီး ၁၂,၅၀၀(အေမရိကန္ေဒၚလာ ၄၂ ေဒၚလာ)မွ ႐ူပီး ၁၇,၅၀၀ ထိ ျမႇင့္တင္ေပးရန္ အစိုးရအဖြဲက သေဘာတူထားေၾကာင္း သီရိလကၤာအစိုးရ ထိပ္တန္းတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
သီရိလကၤာနိုင္ငံရွိ လူဦးေရ ၂၀ ရာခိုင္ႏႈန္း၏ မိသားစုမ်ားမွာ ပ်မ္းမၽွလစဥ္ဝင္ေငြ ၁၇,၅၇၂ ႐ူပီးသာရွိသည္။ သီရိလကၤာနိုင္ငံသည္ နိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ၏ ဘ႑ာေရးအကူအညီ အေမရိကန္ေဒၚလာ ၂ ဒသမ ၉ ဘီလီယံျဖင့္ ဘ႑ာေရးအက်ပ္အတည္းမွ ျပန္လည္နာလန္ထူရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

========

သီရိလင်္ကာအစိုးရက အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ၄၀ ရာခိုင်နှုန်းမြှင့်တင်ပေးရန် သဘောတူ

မတ်လ ၂၈

အလုပ်သမားများအတွက် သတ်မှတ်ပေးထားသည့် လက်ရှိအနည်းဆုံးလုပ်ခလစာကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ပေးရန် သီရိလင်္ကာအစိုးရက သဘောတူထားကြောင်း ထုတ်ပြန်ခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် စီးပွားရေး အရ ပြန်လည်နာလန်ထူရန်ကြိုးစားနေရစဉ် လူနေမှုစရိတ်မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသော အလုပ်သမား များအတွက် အထောက်အကူပြုနိုင်ရန် အနည်းဆုံးလုပ်ခလစာ မြှင့်တင်ပေးရေးအတွက် သီရိလင်္ကာအစိုးရက သဘောတူခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားအရန်ငွေ စံချိန်တင်ကျဆင်းခဲ့ခြင်းကြောင့် သီရိလင်္ကာနိုင်ငံမှ နှစ် ၇၀ အတွင်း အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ သီရိလင်္ကာအလုပ်သမားများအတွက် သတ်မှတ် ထားသည့် အနိမ့်ဆုံးလုပ်ခလစာကို လက်ရှိရူပီး ၁၂,၅၀၀(အမေရိကန်ဒေါ်လာ ၄၂ ဒေါ်လာ)မှ ရူပီး ၁၇,၅၀၀ ထိ မြှင့်တင်ပေးရန် အစိုးရအဖွဲက သဘောတူထားကြောင်း သီရိလင်္ကာအစိုးရ ထိပ်တန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံရှိ လူဦးရေ ၂၀ ရာခိုင်နှုန်း၏ မိသားစုများမှာ ပျမ်းမျှလစဉ်ဝင်ငွေ ၁၇,၅၇၂ ရူပီးသာရှိသည်။ သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ၏ ဘဏ္ဍာရေးအကူအညီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖြင့် ဘဏ္ဍာရေးအကျပ်အတည်းမှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။