ယူေအအီးကလပ္ အယ္လ္အိန္းအသင္းကို ရႈံးနိမ့္သြားတဲ့ စီေရာ္နယ္လ္ဒိုရဲ့ အယ္လ္နာဆာ

မတ္ ၅

အာရွခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္တြင္ စီေရာ္နယ္လ္ဒို၏ အယ္လ္နာဆာအသင္းမွာ ယူေအအီးကလပ္ အယ္လ္အိန္းအသင္းကို ၀-၁ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။

အာရွခ်န္ပီယံလိဂ္ စည္းမ်ဥ္းအရ အာရွျပင္ပ ကစားသမား ငါးဉီးသာ ထည့္သြင္းကစားခြင့္ ျပဳထားၿပီး စီေရာ္နယ္လ္ဒို၊ မာေန၊ ေအာ့စ္ပင္နာ၊ ေအာ္တာဗီယိုႏွင့္ လာေပါ့တ္တို႔ ပြဲထြက္ကစားသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုက ဒီမတိုင္ခင္ ေနာက္ဆုံးကစားခဲ့တဲ့ ေဆာ္ဒီပရိုလိဂ္ပြဲမွာ ပြဲပယ္ခံရတာေၾကာင့္ အနားရထားၿပီး အခု အယ္လ္အိန္းကို အင္ျပည့္အားျပည့္ ရင္ဆိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ ပထမပိုင္းကတည္းက ေပးထားရတဲ့ သြင္းဂိုးကို သူလည္း ဘယ္လိုမွ မေခ်ပေပးနိုင္ခဲ့ဘဲ အယ္လ္နာဆာကလည္း တစ္ဂိုးဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ဒုတိယအေက်ာ့ အိမ္ကြင္းမွာ ကစားရမွာေၾကာင့္ ေမၽွာ္လင့္ခ်က္ရွိေပမယ့္ လာေပါ့တ္ ပြဲၿပီးခါနီးမွာ အထုတ္ခံရတာကေတာ့ နစ္နာခဲ့ပါတယ္။

အယ္လ္အိန္းအသင္းကို အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ခရက္စပို ကိုင္တြယ္ေနျခင္းျဖစ္ပါတယ္။

=======

ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ရှုံးနိမ့်သွားတဲ့ စီရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာ

မတ် ၅

အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် စီရော်နယ်လ်ဒို၏ အယ်လ်နာဆာအသင်းမှာ ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အာရှချန်ပီယံလိဂ် စည်းမျဉ်းအရ အာရှပြင်ပ ကစားသမား ငါးဉီးသာ ထည့်သွင်းကစားခွင့် ပြုထားပြီး စီရော်နယ်လ်ဒို၊ မာနေ၊ အော့စ်ပင်နာ၊ အော်တာဗီယိုနှင့် လာပေါ့တ်တို့ ပွဲထွက်ကစားသွားခဲ့ပါတယ်။

ရော်နယ်ဒိုက ဒီမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ပွဲပယ်ခံရတာကြောင့် အနားရထားပြီး အခု အယ်လ်အိန်းကို အင်ပြည့်အားပြည့် ရင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ပထမပိုင်းကတည်းက ပေးထားရတဲ့ သွင်းဂိုးကို သူလည်း ဘယ်လိုမှ မချေပပေးနိုင်ခဲ့ဘဲ အယ်လ်နာဆာကလည်း တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားရမှာကြောင့် မျှော်လင့်ချက်ရှိပေမယ့် လာပေါ့တ် ပွဲပြီးခါနီးမှာ အထုတ်ခံရတာကတော့ နစ်နာခဲ့ပါတယ်။

အယ်လ်အိန်းအသင်းကို အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးဟောင်း ခရက်စပို ကိုင်တွယ်နေခြင်းဖြစ်ပါတယ်။