ေသြးတိုးေရာဂါသည္ အရြယ္မတိုင္မီ ‌ေ-သဆုံးမႈျဖစ္ေစနိုင္သည့္ အဓိက အေၾကာင္းရင္း တစ္ရပ္ျဖစ္

ေသြးတိုးေရာဂါသည္ အရြယ္မတိုင္မီ ‌ေ-သဆုံးမႈျဖစ္ေစနိုင္သည့္ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေျပာသည္။
ျမန္မာနိုင္ငံ ေသြးတိုးေရာဂါ ပညာရပ္ဆိုင္ရာညီလာခံ (၂၀၂၄) ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီ (၁၈) ရက္ နံနက္ပိုင္းတြင္ ေဆးတကၠသိုလ္ (၁) ရန္ကုန္ Medical Skill, Simulation and Research Center (MSSRC)တြင္ က်င္းပစဥ္ ၎ကထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယခုညီလာခံကို ေသြးတိုးေရာဂါ ကာကြယ္မည့္နည္းလမ္းမ်ားႏွင့္ ေရာဂါရွာေဖြျခင္းမ်ား၊ ပညာေပး အစီအစဥ္မ်ား၊ ေနာက္ဆုံးေပၚကုထုံးမ်ားႏွင့္ လက္ေတြ႕ေျဖရွင္းရမည့္အခ်က္မ်ားကို ေဆြးေႏြးေျဖရွင္းၾကရန္ ရည္ရြယ္ခ်က္ျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
ေသြးတိုးေရာဂါသည္ အရြယ္မတိုင္မီ ‌ေ-သဆုံးမႈ ျဖစ္ေစနိုင္သည့္ အဓိက အေၾကာင္းရင္း တစ္ရပ္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေဆး႐ုံအေျချပဳသတင္းအခ်က္အလက္စနစ္၏ စာရင္းမ်ားအရ ေဆး႐ုံေဆးခန္းမ်ားတြင္ ျဖစ္ပြားေသာ ‌ေ-သဆုံးမႈ (Hospital Death) စုစုေပါင္း၏ သုံးပုံႏွစ္ပုံခန႔္သည္ မကူးစက္နိုင္ေသာေရာဂါမ်ားေၾကာင့္ ‌ေ-သဆုံးရသည္ဟု ေတြ႕ရွိရေၾကာင္း၊ ရပ္ရြာမ်ားအတြင္း ျဖစ္ပြားေသာ‌ေ-သဆုံးမႈ (Community Death) အခ်က္အလက္မ်ားပါဝင္ပါက ပိုမိုမ်ားျပားနိုင္ေၾကာင္း ျပည္ေထာက္စုဝန္ႀကီးက ဆိုသည္။
ျမန္မာနိုင္ငံတြင္လည္း STEPS survey (2014)အရ လူေလးဦးတြင္ တစ္ဦးက ေသြးတိုးေရာဂါရွိေနေၾကာင္း ေတြ႕ရွိရၿပီး ၂၀၂၄ ခုႏွစ္တြင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနႏွင့္ ေဆးသုေတသန ဦးစီးဌာနတို႔ ပူးေပါင္း၍ STEPS survey ထပ္မံေကာက္ယူသြားမည္ျဖစ္သည္။

==========

သွေးတိုးရောဂါသည် အရွယ်မတိုင်မီ ‌ေ-သဆုံးမှုဖြစ်စေနိုင်သည့် အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်

သွေးတိုးရောဂါသည် အရွယ်မတိုင်မီ ‌ေ-သဆုံးမှုဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ သွေးတိုးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၈) ရက် နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် Medical Skill, Simulation and Research Center (MSSRC)တွင် ကျင်းပစဉ် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုညီလာခံကို သွေးတိုးရောဂါ ကာကွယ်မည့်နည်းလမ်းများနှင့် ရောဂါရှာဖွေခြင်းများ၊ ပညာပေး အစီအစဉ်များ၊ နောက်ဆုံးပေါ်ကုထုံးများနှင့် လက်တွေ့ဖြေရှင်းရမည့်အချက်များကို ဆွေးနွေးဖြေရှင်းကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သွေးတိုးရောဂါသည် အရွယ်မတိုင်မီ ‌ေ-သဆုံးမှု ဖြစ်စေနိုင်သည့် အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဆေးရုံအခြေပြုသတင်းအချက်အလက်စနစ်၏ စာရင်းများအရ ဆေးရုံဆေးခန်းများတွင် ဖြစ်ပွားသော ‌ေ-သဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် ‌ေ-သဆုံးရသည်ဟု တွေ့ရှိရကြောင်း၊ ရပ်ရွာများအတွင်း ဖြစ်ပွားသော‌ေ-သဆုံးမှု (Community Death) အချက်အလက်များပါဝင်ပါက ပိုမိုများပြားနိုင်ကြောင်း ပြည်ထောက်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း STEPS survey (2014)အရ လူလေးဦးတွင် တစ်ဦးက သွေးတိုးရောဂါရှိနေကြောင်း တွေ့ရှိရပြီး ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဆေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း၍ STEPS survey ထပ်မံကောက်ယူသွားမည်ဖြစ်သည်။