ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ ဆ႒မအႀကိမ္ေျမာက္ ပါတီဌာနခ်ဳပ္ မိသားစု ဘုံကထိန္ အလႉေတာ္မဂၤလာအခမ္းအနားက်င္းပျပဳလုပ္

နိုဝင္ဘာလ ၂၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ မိသားစုမ်ား၏ ဆ႒မအႀကိမ္ေျမာက္ စုေပါင္းမဟာဘုံကထိန္အလႉေတာ္အခမ္းအနားကို ၂၀၂၃ ခုႏွစ္၊ နိုဝင္ဘာလ ၂၃ ရက္ေန႔၊ နံနက္ပိုင္းတြင္ လယ္ေဝးၿမိဳ႕နယ္၊ ေဗာဓိကုန္းစံျပေက်းရြာ၊ မိုးကုတ္ဝိပႆနာေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္းႏွင့္ဇနီး၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ဇနီး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ဇနီးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားႏွင့္ဇနီးမ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မွ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေစတနာရွင္အလႉရွင္မ်ား၊ ရပ္နီး/ရပ္ေဝးမွ ပါတီဝင္မိသားစုမ်ား၊ အနီးပတ္ဝန္းက်င္ေက်းရြာေန ျပည္သူမ်ား ဧည့္ပရိတ္သတ္ စုစုေပါင္း(၈၀၀)ေက်ာ္ တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားကို နေမာတႆ (၃)ႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍ အခမ္းအနားဖြင့္လွစ္ၿပီး ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ဩဝါဒါစရိယဆရာေတာ္ ဘဒၵႏၲဇနိႏၵထံမွ အဂၤါ(၅)ပါးႏွင့္ ျပည့္စုံေသာသီလေတာ္ျမတ္အား ခံယူ ေဆာက္တည္ၾကၿပီး ဆရာေတာ္အရွင္သူျမတ္မ်ားက ပရိတ္တရားေတာ္မ်ားအား ရြတ္ပြားခ်ီးျမႇင့္ခဲ့ပါသည္။
ဆက္လက္ၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓါနနာယကဆရာေတာ္ ဘဒၵႏၲဇနိႏၵ အပါအဝင္ ပင့္သဃာ (၅၈)ပါးအား တက္ေရာက္လာၾကသူမ်ားက ကထိန္လ်ာသကၤန္းႏွင့္ ၀တၳဳေငြမ်ား၊ လႉဘြယ္ပစၥည္းမ်ား၊ အလႉပေဒသာပင္ (၉)ခုႏွင့္အတူ လႉဒါန္းေငြစုစုေပါင္း (၁၁,၀၈၀,၀၀ဝိ/-)က်ပ္ကို ဆက္ကပ္လႉဒါန္းၿပီး ပဓာနနာယကဆရာေတာ္ထံမွ အႏုေမာဒနာတရားနာၾကားကာ လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝခဲ့ၾကပါသည္။
ထို႔ေနာက္ အခမ္းအနားကို ေန႔လည္ (၁၀:၄၅) နာရီအခ်ိန္တြင္ “ဗုဒၶသာသနံ စိရံ တိ႒တု” သုံးႀကိမ္ရြတ္ဆိုၿပီး ေရႊမိုးေငြမိုးမ်ားၾကဲ၍ ႐ုတ္သိမ္းၿပီးေနာက္ ႂကြေရာက္ေတာ္မူလာၾကသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းကာ စုေပါင္းမဟာဘုံကထိန္အလႉေတာ္မဂၤလာ အခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

**********************************

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆဋ္ဌမအကြိမ်မြောက် ပါတီဌာနချုပ် မိသားစု ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
=====================================
နိုဝင်ဘာလ ၂၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုများ၏ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းစံပြကျေးရွာ၊ မိုးကုတ်ဝိပဿနာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်ဇနီး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့်ဇနီးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့်ဇနီးများ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ရပ်နီး/ရပ်ဝေးမှ ပါတီဝင်မိသားစုများ၊ အနီးပတ်ဝန်းကျင်ကျေးရွာနေ ပြည်သူများ ဧည့်ပရိတ်သတ် စုစုပေါင်း(၈၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ အင်္ဂါ(၅)ပါးနှင့် ပြည့်စုံသောသီလတော်မြတ်အား ခံယူ ဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များအား ရွတ်ပွားချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒ အပါအဝင် ပင့်သဃာ (၅၈)ပါးအား တက်ရောက်လာကြသူများက ကထိန်လျာသင်္ကန်းနှင့် ၀တ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများ၊ အလှူပဒေသာပင် (၉)ခုနှင့်အတူ လှူဒါန်းငွေစုစုပေါင်း (၁၁,၀၈၀,၀၀ဝိ/-)ကျပ်ကို ဆက်ကပ်လှူဒါန်းပြီး ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားကို နေ့လည် (၁၀:၄၅) နာရီအချိန်တွင် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး ရွှေမိုးငွေမိုးများကြဲ၍ ရုတ်သိမ်းပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။