ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား သက္သာေခ်ာင္ခ်ိေရး ဆန္ေထာက္ပံ့

စက္တင္ဘာ ၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားႏွင့္အတူ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္သည့္ သက္သာေခ်ာင္ခ်ိေရး ဆန္မ်ားေထာက္ပံ့ေပးအပ္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒က သက္သာေခ်ာင္ခ်ိေရးဆန္မ်ား ေထာက္ပံ့ရျခင္းႏွင့္ပတ္သက္ၿပီး အမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒၊ ဒုတိယဥကၠ႒မ်ား၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားက ပါတီဌာနခ်ဳပ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးက အေျခအေနအရပ္ရပ္ေၾကာင့္ ေခတၱေရာက္ရွိေနသည့္ မိသားစုဝင္မ်ားအား သက္သာေခ်ာင္ခ်ိေရးဆန္မ်ား ေထာက္ပံ့ခ်ီးျမႇင့္ခဲ့ၿပီး အခမ္းအနားကို႐ုပ္သိမ္းခဲ့ပါသည္။

=================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာချောင်ချိရေး ဆန်ထောက်ပံ့

စက်တင်ဘာ ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်သည့် သက်သာချောင်ချိရေး ဆန်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌက သက်သာချောင်ချိရေးဆန်များ ထောက်ပံ့ရခြင်းနှင့်ပတ်သက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက အခြေအနေအရပ်ရပ်ကြောင့် ခေတ္တရောက်ရှိနေသည့် မိသားစုဝင်များအား သက်သာချောင်ချိရေးဆန်များ ထောက်ပံ့ချီးမြှင့်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။