ထိုင္းနိုင္ငံက ၎တို႔နိုင္ငံအတြင္း လၽွပ္စစ္မီတာခႏႈန္းထားမ်ား ခုန္တတ္သြားသည့္အတြက္ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္မႈမ်ားကို ပိုမို ျမႇင့္တင္မႈမ်ားျပဳလုပ္သြားဖြယ္ရွိေန

ၾသဂုတ္ ၁၅

ျမန္မာနိုင္ငံ၏ အိမ္နီးခ်င္းနိုင္ငံျဖစ္သည့္ ထိုင္းနိုင္ငံ၏ အႀကီးမားဆုံးေသာ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ေနသည့္ ထိုင္းနိုင္ငံပိုင္ PTT သည္ နိုင္ငံအတြင္း စြမ္းအင္ဓာတ္အား အက်ပ္အတည္းမ်ားကို ေရွာင္ရွားနိုင္ရန္ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္မႈကို ျမႇင့္တင္သြားရန္ စီစဥ္ေန ၾကတာျဖစ္ပါတယ္။

ထိုင္းနိုင္ငံပိုင္ PTT စူးစမ္းေလ့လာေရးႏွင့္ ထုတ္လုပ္ေရး အမ်ားပိုင္ကုမၸဏီလီမိတက္ (PTTEP) Public Company Limited သည္ ၎တို႔၏ အႀကီးဆုံး လုပ္ငန္းခြင္ ျဖစ္သည့္ Erawan တြင္ ဓာတ္ေငြ႕ႏွစ္ဆ ထုတ္လုပ္မႈကို လာမည့္ ၂၀၂၄ ခုႏွစ္ အေစာပိုင္းတြင္ တစ္ရက္လၽွင္ သဘာဝ ဓာတ္ေငြ႕ကုဗေပ သန္း ၈၀၀ အထိ ထုတ္လုပ္သြားရန္ စီစဥ္ေနေၾကာင္း အဆိုပါ ကုမၸဏီႀကီး၏ အမႈေဆာင္ အရာရွိခ်ဳပ္ Montri Rawanchaikul က ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

ထို႔ေနာက္ လာမည့္ ႏွစ္တြင္ Bongkok က ဒုတိယအႀကီးမားဆုံး သဘာဝဓာတ္ေငြ႕ ထြက္ရွိမႈသည္ ၁၀ ရာခိုင္ႏႈန္းခန႔္ထိ တိုးလာမည္ျဖစ္ေၾကာင္း ၎က ထပ္ေလာင္း ေျပာဆိုထားပါတယ္။

ထိုင္း PTTEP သည္ ျပည္တြင္းဓာတ္ေငြ႕ သုံးစြဲ မႈမ်ားကိုလုံေလာက္စြာ ေပးနိုင္ရန္အတြက္ ထုတ္ယူမႈမ်ား ျမႇင့္တင္ရန္ ပ်က္ကြက္ျခင္းေၾကာင့္ ယမန္ႏွစ္က ျပည္တြင္း လၽွပ္စစ္မီတာခမ်ား ခုန္တက္သြားသည့္အတြက္ ေဝဖန္ခံရသည့္ ကုမၸဏီမ်ားတြင္ ပါဝင္လာ ၿပီးေနာက္ ထိုသို႔ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

ထိုင္းနိုင္ငံသည္ သဘာဝဓာတ္ေငြ႕မွ ဓါတ္အား ၆၀ ရာခိုင္ႏႈန္းေက်ာ္ ရရွိေနတာျဖစ္ၿပီး ဝယ္လို အားျပည့္မီေစရန္ ထုတ္လုပ္ တင္သြင္းမႈမ်ား တိုးျမႇင့္ လ်က္ရွိပါတယ္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၉ရက္ ဗုဒၶဟူးေန႔က ထိုင္းနိုင္ငံ၏ သဘာဝဓာတ္ ေငြ႕ထုတ္လုပ္မႈမ်ားသည္ ဥေရာပစံႏႈန္းမ်ား ၄၀ ရာခိုင္ႏႈန္းထိ တိုးတတ္လာၿပီး ႐ုရွား-ယူကရိန္း စစ္ပြဲအတြင္း ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕ ကမၻာ့ေစ်းကြက္မ်ားကို ျမႇင့္တင္လိုက္ၿပီးေနာက္ အႀကီးမား ေစ်းဆုံးခုန္တက္မႈမွာထိုင္းနိုင္ငံ၏ နိုင္ငံေရးအရ ထိလြယ္ရွလြယ္ေသာ လၽွပ္စစ္ ဓာတ္ အားခႏႈန္းထား မ်ားပါ၀င္ေနျခင္းအတြက္ စိုးရိမ္ပူပန္မႈအသစ္တစ္ခုျဖစ္လာခဲ့ရတာလည္းျဖစ္ပါတယ္။

“မၾကာေသးမီက LNG ေစ်းႏႈန္း မ်ားျမင့္တက္မႈဟာ သဘာဝ ဓာတ္ေငြ႕ ႏွင့္ လၽွပ္စစ္ဓာတ္အား အက်ပ္အတည္းအတြက္က်ေနာ္တို႔ အနက္ရွိုင္းဆုံးေၾကာက္ရြံ့ မႈကိုျဖစ္ေပၚေစပါတယ္” လို႔ Mr Montri သူ၏႐ုံးခန္းတြင္ ျပဳလုပ္ခဲ့သည့္ အင္တာဗ်ဴးတစ္ခုတြင္ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

“က်ေနာ္တို႔ သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈမ်ားကို အဓိကထား ဦးစားေပးသြားမွာျဖစ္ၿပီး နိုင္ငံ၏ စြမ္းအင္လုံေလာက္မႈကို ျမႇင့္တင္ရန္အတြက္ ျပည္တြင္းဓာတ္ေငြ႕ နယ္ပယ္တြင္ အရန္ သိုေလွာင္မႈမ်ားႏွင့္ ထုတ္လုပ္မႈမ်ားကို တိုးခ်ဲ႕သြားမွာျဖစ္တယ္လို႔” ၎က ထပ္ေလာင္းေျပာၾကားထားပါတယ္။

==================================

ထိုင်းနိုင်ငံက ၎င်းတို့နိုင်ငံအတွင်း လျှပ်စစ်မီတာခနှုန်းထားများ ခုန်တတ်သွားသည့်အတွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများကို ပိုမို မြှင့်တင်မှုများပြုလုပ်သွားဖွယ်ရှိနေ

သြဂုတ် ၁၅

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော သဘာဝဓာတ်ငွေ့ထုတ်လုပ်နေသည့် ထိုင်းနိုင်ငံပိုင် PTT သည် နိုင်ငံအတွင်း စွမ်းအင်ဓာတ်အား အကျပ်အတည်းများကို ရှောင်ရှားနိုင်ရန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို မြှင့်တင်သွားရန် စီစဥ်နေ ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံပိုင် PTT စူးစမ်းလေ့လာရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP) Public Company Limited သည် ၎င်းတို့၏ အကြီးဆုံး လုပ်ငန်းခွင် ဖြစ်သည့် Erawan တွင် ဓာတ်ငွေ့နှစ်ဆ ထုတ်လုပ်မှုကို လာမည့် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၈၀၀ အထိ ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီကြီး၏ အမှုဆောင် အရာရှိချုပ် Montri Rawanchaikul က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ထို့နောက် လာမည့် နှစ်တွင် Bongkok က ဒုတိယအကြီးမားဆုံး သဘာဝဓာတ်ငွေ့ ထွက်ရှိမှုသည် ၁၀ ရာခိုင်နှုန်းခန့်ထိ တိုးလာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုထားပါတယ်။

ထိုင်း PTTEP သည် ပြည်တွင်းဓာတ်ငွေ့ သုံးစွဲ မှုများကိုလုံလောက်စွာ ပေးနိုင်ရန်အတွက် ထုတ်ယူမှုများ မြှင့်တင်ရန် ပျက်ကွက်ခြင်းကြောင့် ယမန်နှစ်က ပြည်တွင်း လျှပ်စစ်မီတာခများ ခုန်တက်သွားသည့်အတွက် ဝေဖန်ခံရသည့် ကုမ္ပဏီများတွင် ပါဝင်လာ ပြီးနောက် ထိုသို့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့မှ ဓါတ်အား ၆၀ ရာခိုင်နှုန်းကျော် ရရှိနေတာဖြစ်ပြီး ဝယ်လို အားပြည့်မီစေရန် ထုတ်လုပ် တင်သွင်းမှုများ တိုးမြှင့် လျက်ရှိပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၉ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၏ သဘာဝဓာတ် ငွေ့ထုတ်လုပ်မှုများသည် ဥရောပစံနှုန်းများ ၄၀ ရာခိုင်နှုန်းထိ တိုးတတ်လာပြီး ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကမ္ဘာ့စျေးကွက်များကို မြှင့်တင်လိုက်ပြီးနောက် အကြီးမား စျေးဆုံးခုန်တက်မှုမှာထိုင်းနိုင်ငံ၏ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော လျှပ်စစ် ဓာတ် အားခနှုန်းထား များပါ၀င်နေခြင်းအတွက် စိုးရိမ်ပူပန်မှုအသစ်တစ်ခုဖြစ်လာခဲ့ရတာလည်းဖြစ်ပါတယ်။

“မကြာသေးမီက LNG စျေးနှုန်း များမြင့်တက်မှုဟာ သဘာဝ ဓာတ်ငွေ့ နှင့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းအတွက်ကျနော်တို့ အနက်ရှိုင်းဆုံးကြောက်ရွံ့ မှုကိုဖြစ်ပေါ်စေပါတယ်” လို့ Mr Montri သူ၏ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော်တို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများကို အဓိကထား ဦးစားပေးသွားမှာဖြစ်ပြီး နိုင်ငံ၏ စွမ်းအင်လုံလောက်မှုကို မြှင့်တင်ရန်အတွက် ပြည်တွင်းဓာတ်ငွေ့ နယ်ပယ်တွင် အရန် သိုလှောင်မှုများနှင့် ထုတ်လုပ်မှုများကို တိုးချဲ့သွားမှာဖြစ်တယ်လို့” ၎င်းက ထပ်လောင်းပြောကြားထားပါတယ်။