တူနီးရှားဝန်ကြီးချုပ်ကို ပါလီမန်အမတ်များက မဲခွဲဆုံးဖြတ်ပြီး ရာထူးမှထုတ်ပယ်

Tunisian Prime Minister Habib Essid (C-bottom) delivers a speech at the Tunisian Parliament on July 30, 2016 in the capital Tunis. The Tunisian government will face a vote of confidence in parliament that could see Prime Minister Habib Essid unseated after just a year and a half in office. Essid's government has been widely criticised for failing to tackle the country's economic crisis, high unemployment and a series of jihadist attacks. / AFP PHOTO / FETHI BELAID

မြို့တော်တူးနစ်ရှိ တူနီးရှားလွှတ်တော်တွင် ဇူလိုင် ၃၀ ရက်က မိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ်ဟာဘစ်အက်ဆစ်ကို တွေ့ရစဉ်

(FETHI BELAID/AFP)

တူနီးရှားနိုင်ငံ ပါလီမန် တွင် အယုံအကြည်မရှိအဆို မဲခွဲ ဆုံးဖြတ်မှုအတွင်း ၀န်ကြီးချုပ် ဟာဘစ်အက်ဆစ်ကို ထုတ်ပယ် ရန် တူနီးရှားအမတ်များက မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။

ဝန်ကြီးချုပ် တာဝန်ယူထား ချိန် ၂ နှစ်မပြည့်သေးသော ပညာရှင် အက်ဆစ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးရေးဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်၌ တိုးတက်မှု နှေးကွေးနေခြင်းအတွက် ပြစ်တင် ဝေဖန်ခံနေရသည်။

ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်ရေး ညီညွတ်သော အစိုးရတစ်ရပ် ဖွဲ့စည်းရန် တူနီး ရှားသမ္မတ ဘီဂျီဆိုက်အက်ဆစ် က တိုက်တွန်းထားည်။

ပါလီမန် မဲခွဲဆုံးဖြတ်မှုတွင် အမတ်ပေါင်း ၁၉၁ ဦးအနက် ၁၁၈ ဦးက ၀န်ကြီးချုပ်ကို ထုတ်ပယ်ရန် မဲပေးခဲ့ကြပြီး သုံးဦးသာ ၎င်းအား ထောက်ခံခဲ့ကာ ကျန်အမတ်များ က မဲမပေးဘဲ နေခဲ့ကြသည်။

အဓိက ပါတီကြီးလေးခုဖြင့် ဖွဲ့စည်းထားသော အာဏာရ မဟာမိတ်အဖွဲ့အတွင်း တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် တူနီးရှားတွင် ၀န်ကြီးချုပ်သစ်တစ် ဦး ထပ်မံ ခန့်အပ်ဖွယ်ရှိသည်။

၂၀၁၁ က တော်လှန်ရေး တွင် ဇိုင်အယ်လ်အဘီဒင်းဘင်အ လီကို ဖြုတ်ချပြီးနောက်ပိုင်း တူနီး ရှားနိုင်ငံသည် ဒေသတွင်းအတွက် စံပြဒီမိုကရေစီနိုင်ငံအဖြစ် ပေါ် ထွက်လာခဲ့သော်လည်း စစ်သွေး ကြွများ၏ တိုက်ခိုက်မှုများက အ စိုးရကို စမ်းသပ်ခဲ့ပြီး နိုင်ငံရေး အတွင်း တိုက်ပွဲများကြောင့် စီး ပွားရေးတိုးတက်မှုကို နှောင့်နှေး စေခဲ့သည်။

—Ref: Reuters


Leave a Reply