ရန္ကုန္တိုင္းေဒသႀကီး ၊ လွည္းကူးခရိုင္ ၊ ျပည္ခိုင္ၿဖိဳးပါတီလုပ္ငန္းညႇိႏွိင္း အစည္းအေဝး ျပဳလုပ္

လွည္းကူး ဩဂုတ္ ၉
ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ ခရိုင္ ၊ၿမိဳနယ္ ၊ရပ္ေက်းပါတီ ပါတီ လုပ္ငန္းညႇိႏွိင္းအစည္းအေဝး ကို လွည္းကူးခရိုင္ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ၾကပါသည္။
အစည္းအေဝး ကို တိုင္းေဒသႀကီးပါတီ ေကာ္မတီဝင္ /လွည္းကူးခရိုင္တာဝန္ခံ ဦးတင္ေမာင္ဝင္း တက္ေရာက္ ၿပီး တိုင္းေဒသႀကီး ပါတီ ဥဣဌ. ဦးခင္ေမာင္စိုး ၏ ညႊန္ၾကားခ်က္ မ်ားႏွင့္ အညီ ရက္(၉၀) စီမံခ်က္ ၊ပါတီဝင္စာရင္းမ်ား တိက်မွန္ကန္စြာ ျပဳစုနိုင္ေရး၊အမ်ိဳးသမီး ေရးရာ ၊လူငယ္ေရးရာ က႑ တိုးတက္ေအာင
ျမင္ေရး၊ျပည့္မ႑ိဳင္ပရဟိတအသင္းအဖြဲ ေအာင္ျမင္စြာ ဖြဲစည္းလုပ္ကိုင္နိုင္ေရး၊ ေရြးေကာက္ပြဲေအာင္နိုင္ေရး ကိစၥရပ္မ်ား ၊ ယေန႔မွစ၍ ေဆာင္ရြက္ရမည့္ Version -2 Application ႏွင့္ ပါတ္သက္ေသာ လုပ္ငန္း အဆင့္ဆင့္မ်ား၊
လက္ရွိနိုင္ငံေရးအေျခအေနမ်ားကို ရွင္းလင္း ေျပာၾကားခဲ့ပါသည္။
အစည္းအေဝး ကို လွည္းကူးခရိုင္ဥဣဌ ဦးေအာင္မ်ိဳးနိုင္ ၊ခရိုင္ တြင္း/မႉး ဦးသန္းေဇာ္ ႏွင့္ ခရိုင္အဖြဲဝင္မ်ား၊ၿမိဳနယ္ ဘ႑ာေရးမႉး ေဒၚရင္ေရႊ ႏွင့္ အဖြဲဝင္မ်ား ၊ရပ္ေက်းပါတီ ဥဣဌ မ်ား တက္ေရာက္ၾကၿပီး ၊ေဆာင္ရြက္ ၾကရမည့္ လုပ္ငန္းစဥ္မ်ား ႏွင့္ ပါတ္သက္ရ်္ အျပန္အလွန္ ေမးျမန္းေဆြးေႏြးခဲ့ၾကပါသည္။
လွည္းကူးခရိုင္ /ၿမိဳနယ္ /ရပ္ေက်း ေကာ္မ တီဝင္ (70)ဦး တက္ေရာက္ခဲ့ၾကၿပီး အစည္း အေဝးကို နံနက္ (10:00)နာရီမွ စတင္ကာ ေန႔လည္ (12:30)နာရီ တြင္ ေအာင္ျမင္စြာ ႐ုတ္သိမ္း နိုင္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

========================

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်

 

လှည်းကူး ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင် ၊မြိုနယ် ၊ရပ်ကျေးပါတီ ပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေး ကို လှည်းကူးခရိုင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေး ကို တိုင်းဒေသကြီးပါတီ ကော်မတီဝင် /လှည်းကူးခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း တက်ရောက် ပြီး တိုင်းဒေသကြီး ပါတီ ဥဣဌ. ဦးခင်မောင်စိုး ၏ ညွှန်ကြားချက် များနှင့် အညီ ရက်(၉၀) စီမံချက် ၊ပါတီဝင်စာရင်းများ တိကျမှန်ကန်စွာ ပြုစုနိုင်ရေး၊အမျိုးသမီး ရေးရာ ၊လူငယ်ရေးရာ ကဏ္ဍ တိုးတက်အောင

မြင်ရေး၊ပြည့်မဏ္ဍိုင်ပရဟိတအသင်းအဖွဲ အောင်မြင်စွာ ဖွဲစည်းလုပ်ကိုင်နိုင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စရပ်များ ၊ ယနေ့မှစ၍ ဆောင်ရွက်ရမည့် Version -2 Application နှင့် ပါတ်သက်သော လုပ်ငန်း အဆင့်ဆင့်များ၊

လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေး ကို လှည်းကူးခရိုင်ဥဣဌ ဦးအောင်မျိုးနိုင် ၊ခရိုင် တွင်း/မှူး ဦးသန်းဇော် နှင့် ခရိုင်အဖွဲဝင်များ၊မြိုနယ် ဘဏ္ဍာရေးမှူး ဒေါ်ရင်ရွှေ နှင့် အဖွဲဝင်များ ၊ရပ်ကျေးပါတီ ဥဣဌ များ တက်ရောက်ကြပြီး ၊ဆောင်ရွက် ကြရမည့် လုပ်ငန်းစဉ်များ နှင့် ပါတ်သက်ရျ် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

လှည်းကူးခရိုင် /မြိုနယ် /ရပ်ကျေး ကော်မ တီဝင် (70)ဦး တက်ရောက်ခဲ့ကြပြီး အစည်း အဝေးကို နံနက် (10:00)နာရီမှ စတင်ကာ နေ့လည် (12:30)နာရီ တွင် အောင်မြင်စွာ ရုတ်သိမ်း နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။