
ဇူလိုင် ၃၁၊ ပျော်ဘွယ်

=================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပျော်ဘွယ်မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
ဇူလိုင် ၃၁၊ ပျော်ဘွယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၃၀-၇-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့ သွားရောက်ပြီး မြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ်၊ ရပ်/ကျေးပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ တက်ရောက်လာသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး “မိမိတို့၏ နိုင်ငံကို ချစ်ခင်မြတ်နိုးတန်ဖိုးထားရှိရန်၊ သစ္စာစောင့်သိကြရန်၊ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပြသနာများကို ဖြေရှင်းရန်အတွက် ခိုင်မာတဲ့အင်အားစုတစ်ခုဖြစ်အောင် ဆောင်ရွက်ကြရန်၊ အဆိုပါအင်အားစုဖြစ်ပေါ်ရေးကို မိမိတို့ပါတီမှဆောင်ရွက်ရန်” တို့အား ပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာကြသည့် မြို့နယ်၊ ရပ်/ကျေး၊ ပါတီဝင်များမှ လိုအပ်သည့်အချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ ပါတီအထွေထွေအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။