
ဇူလိုင် ၂၆

===================================================

အန်တိုနီ အီလန်ဂါကို နော်တင်ဟမ် ဖောရက်စ်အသင်း ခေါ်ယူ

ဇူလိုင် ၂၆

နော်တင်ဟမ် ဖောရက်စ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါ (အသက်၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းဖြင့်ခေါ်ယူပြီး (၅)နှစ်စာချုပ်ဖြင့် တရားဝင် ​ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

မန်ယူအသင်းအကယ်ဒမီထွက်ကစားသမား အီလန်ဂါ ဟာ ၂၀၂၁ ခုနှစ်တွင် မန်ယူအသင်းကြီးအတွက် စတင်ကစားပေးခဲ့ပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၅)ပွဲကစားရာတွင် (၄)ဂိုးသွင်းယူပေးခဲ့ပါတယ်။

Photos: Nottingham Forest