တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၁၄၇ ဦး ထပ်မံရောက်ရှိ

ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၇ ဦးသည် ဇွန် ၂၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။
မြန်မာအလုပ်သမား ၁၄၇ ဦးအား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။