ကရင်ပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ဆက်ဆံရေး အထောက်အကူပြုဆင့်ပွား သင်တန်းဖွင့်ပွဲကျင်းပ


ဘားအံ ဇွန် ၁၉
၂၀၂၃ ခုနှစ် ဇွန်လ ၁၉ရက်နေ့ နံနက် ၈း၀၀ အချိန်ခန့်တွင် ကရင်ပြည်နယ်ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီမှပြည်သူ့ဆက်ဆံရေးအထောက်အကူပြုဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် သဘာပတိအဖြစ် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဒေါ်နန်းနီနီအေး၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးသက်နိုင်ဦးတိုမှ ဆောင်ရွက်ခဲ့ကြပါသည်။
ပထမဦးစွာသင်တန်းကို နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်နယ်ပါတီဥက္ကဌ မှ သင်တန်းဖွင့်ပွဲနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲကို ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘားအံခရိုင်/မြိုနယ် ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ လှိင်းဘွဲ၊ဖာပွန် မြိုနယ်မှ သင်တန်းသူ သင်တန်းသား (၂၁)ဦး၊ စုစုပေါင်း ( ၅၅)ဦး တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။