ပြည်တွင်း၌ခြောက်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၆၀၀ နီးပါးတွေ့ရှိ

ပြည်တွင်း၌ ယခုလမေ ၁၈ ရက်မှ ၂၃ ရက်အထိ COVID-19 အတည်ပြုလူနာ ၅၉၈ ဦးတွေ့ရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ် ထားရှိ သူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရာ မေ ၁၈ ရက်တွင်ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၃ ဦး၊ မေ ၁၉ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၀ ဦး၊ မေ ၂၀ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၉ ဦး၊ မေ ၂၁ ရက်တွင် ၈၀ ဦး၊ မေ ၂၂ ရက်တွင် ၈၂ ဦးနှင့် ယမန်နေ့(မေ ၂၃ ရက်)တွင် ၁၀၄ ဦး၊ စုစုပေါင်းအတည်ပြုလူနာသစ် ၅၉၈ ဦးတွေ့ရှိ ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်ကာ ယခုလမေ ၂၃ ရက်အထိ ဓာတ်ခွဲနမူနာ ၁၀,၅၈၈,၃၅၇ ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၆၃၈,၂၂၀ ဦး ရှိကြောင်း၊ ပြန်လည်ကောင်းမွန် လာသူ ၆၁၇,၀၉၅ ဦးရှိကြောင်း၊ သေဆုံးသူ ၁၉,၄၉၄ ဦးရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။