American Idol သီချင်းဆိုပြိုင်ပွဲ Season 21 မှာ အီယန်တွန်ဂီ ဗိုလ်စွဲ

American Idol သီချင်းဆိုပြိုင်ပွဲ Season 21 မှာ အီယန်တွန်ဂီ က ဗိုလ်စွဲသွားပြီး Winner ဆုကို ဆွတ်ခူး သွားခဲ့ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲကို ဆန်ကာတင် သုံးဦးဖြစ်တဲ့ ကောလင်းစထရိုး ၊ အီယန်တွန်ဂီ နဲ့ မီဂန်ဒယ်နီယယ် တို့ တက်လာခဲ့တာဖြစ်ပါတယ်။
သူတို့ သုံးဦးက နောက်ဆုံးဖျော်ဖြေမှုမှာ သီချင်းအသစ်တွေကို ကိုယ်စီ သီဆိုယှဉ်ပြိုင်ခဲ့ကြသလို ဆန်ကာတင် ၁၂ ဦး စာရင်းဝင်ခဲ့တဲ့ သူတွေလည်း လာရောက်ဖျော်ဖြေခဲ့ကြတာကိုတွေ့ရပါတယ်။
အရင်တုန်းက ပြိုင်ပွဲဝင်တွေဖြစ်ခဲ့ပြီး အဆိုတော်လမ်းကြောင်းကို ဆက်‌လျောက်ခဲ့ကြသူတွေလည်း လာရောက် ဖျော်ဖြေခဲ့ပါတယ်။
ပရိတ်သတ်တွေကြား ရေပန်းစားတဲ့ အီယန်တွန်ဂီ ကလည်း “Making Memories of Us” “Cool Down” “Monsters” “I’ll Be Seeing You” စတဲ့ သီချင်းလေးပုဒ်ကို သီဆိုပြီး ချန်ပီယံဆု ရယူသွားခဲ့တာ ဖြစ်ပါတယ်။

#sdtimedaily