ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြိုနယ် လုပ်ငန်းညှိနှိင်းအ‌စည်းအဝေးပြုလုပ်

မေ ၂၂
ကျောက်ဆည်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊ မြိုနယ်ကော်မတီဝင်များ၊ အရံမြိုနယ်ကော်မတီဝင်များ ယနေ့ နံနက် (၉) နာရီ အချိန်တွင် ပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မြိုနယ်ပါတီဥက္ကဌဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ မှ ရခိုင်ပြည် လေဘေးသင့် ပြည်သူများကူညီရေးအဖွဲစေလွတ်ခြင်းကိစ္စ၊မြိုနယ်ကော်မတီဝင်များနယ်မြေကွင်းဆင်းခြင်းနှင့်တိုင်းရုံးသို အစီခံစာတင်ပြနိုင်ရေးကိစ္စ၊ပြည့်မဏ္ဍိုင် လှုပ်ရှားမှုများအားတင်ပြဆွေးနွေးရန်ကိစ္စ၊ ဒုတိယ ရက် (၉၀)စီမံချက်မှ တတိယ လအတွင်းဆောင်ရွက်ထားရှိမှုအ ခြေအနေများ၊ ရပ်ကျေးပါတီကော်မတီနှင့် ပြည်သူလူထုတွေ့ဆုံနိုင်မည့် အစီအစဉ်များ၊မြိုနယ်ကော်မတီဝင်တိုင်းမှ လူငယ်ရေးရာ၊အမျိုးသမီးရေးရာ ကဏ္ဍများကို အရွေ့တစ်ခုသို ရောက်အောင် လစဉ်၊လတိုင်း စာရင်းများပြုစုပြီး တိုင်းပါတီသို ပေးပို တင်ပြရမည်ဖြစ်ကြောင်း မြိုနယ် ကော်မတီဝင်များအနေဖြင့် မိမိကဏ္ဍ၊နယ်မြေများကို ပိုင်နိုင်၊စိုးမိုးအောင်လုပ်ဆောင်ထားကြပြီး၊တက်ညီ လက်ညီနဲ့ အင်တိုက်၊အားတိုက် လုပ်ဆောင်ကြဖို တိုက်တွန်းပြောကြားဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၁:၃၀) အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

ကိုတင့် kse