ယူကရိန်းမှ စားနပ်ရိက္ခာများတင်သွင်းမှုကို ပိုလန်ဆိုင်းငံ့

ယူကရိန်းနိုင်ငံကို အထောက်အကူဖြစ်စေရန်အတွက် ယင်းနိုင်ငံထံမှ စားနပ်ရိက္ခာထွက်ကုန်များ တင်သွင်းမှုကို ပိုလန်နိုင်ငံက ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ ထိုသို့ တင်သွင်းမှု ဆိုင်းငံ့လိုက်သော ထွက်ကုန်များတွင် ယူကရိန်း၏ အဓိကထုတ်ကုန်ဖြစ်သော ဂျုံနှင့် ပျားရည်တို့ပါဝင်ကြောင်းသိရသည်။

ယူကရိန်းနိုင်ငံမှ စားနပ်ရိက္ခာများတင်သွင်းနေမှုကြောင့် မိမိတို့ရမည့် ငွေကြေးအမြောက်အများဆုံးရှုံးနေရကြောင်း ပိုလန်လယ်သမားများ၏ ပြောဆိုမှုကို ကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်းနေစဉ်အတွင်း ယူကရိန်းမှ ဂျုံနှင့် အခြားထုတ်ကုန်များတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပိုလန်အစိုးရကပြောကြားလိုက်သည်။

“ပိုလန်နိုင်ငံက ဂျုံတင်သွင်းမှုကို တားမြစ်တဲ့ စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို အစိုးရက ဒီနေ့ ဆုံးဖြတ်လိုက်ပါပြီ” ပိုလန်နိုင်ငံ၏ အာဏာရပါတီခေါင်းဆောင် Jarosław Kaczyński ကစနေနေ့တွင်ကျင်းပသည့် ပါတီညီလာခံတွင် ပြောကြားခဲ့သည်။

အဆိုပါ သွင်းကုန် တားမြစ်ချက်သည် ဇွန်လ ၃၀ ရက်အထိ ကြာမြင့်မည်ဟု အစိုးရက ကြေညာထားသည်။ ယင်းတားမြစ်ချက်တွင် သကြား၊ ဥ၊ အသား၊ နို့နှင့် အခြားနို့ထွက်ပစ္စည်းများနှင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ယူကရိန်းမှ တင်သွင်းခြင်းကိုလည်း တားမြစ်ထားသည်။

ယူကရိန်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနက ၎င်းသည် ၎င်း၏ ပိုလန် မိတ်ဖက်များ၏ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။