ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မင်္ဂလာနှစ်သစ်ဦး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ညီလာခံခန်းမကြီးတွင် ၁၇-၄-၂၀၂၃ ရက်နေ့၊ ညနေ ၄ နာရီ အချိန်တွင် နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာနှစ်သစ်ဦး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ပြုခဲ့ပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များ နှင့် မိသားစုဝင်များမှ သြကာသ ကန်တော့ကျိုးဖြင့် ကန်တော့ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာကြားခဲ့ပါသည်။

၄င်းနောက် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအတွင်းရေးမှူးတို့မှ လှူဘွယ် ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် စမတောင်၊ နဂါးတစ်ထောင်ဆရာတော်မှ ရေစက်ချ တရားဟောကြားခဲ့ပြီး မင်္ဂလာနှစ်သစ်ဦး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားအား ဗုဒ္ဓ သာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ပါသည်။