ပရီးမီးယားလိဂ် လုပ်ခအများဆုံး ကစားသမားစာရင်းတွင် ဦးဆောင်နေတဲ့ ဒီဘရိုင်းနဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ မန်စီးတီးက ဒီဘရိုင်းနဲ့ ဟာလန်း တို့က ဦးဆောင်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၄၂၅၀၀၀  ရရှိပြီး တစ်လကို ပေါင် ၁ ဒသမ ၇သန်းရရှိနေတယ်လို့ ပြင်သစ်သတင်းဌာန L’Equipe ကဖော်ပြပါတယ်။

တိုက်စစ်မှူးဟာလန်းကတော့ တစ်ပတ်လုပ်ခ ပေါင် ၄၀၂၀၀၀ ကျော်နဲ့ ဒုတိယနေရာမှာရပ်တည်ပါတယ်။ မန်ယူဂိုးသမားဒီဂီယာက ဟာလန်းနဲ့ လုပ်ခချင်းအတူတူ သတ်မှတ်ခံရပြီး ပရီးမီးယားလိဂ်ရဲ့ ပူးတွဲဒုတိယ လုပ်ခအများဆုံး ကစားသမားဖြစ်ပါတယ်။ အဲဒီနောက်မှာ လီဗာပူးတိုက်စစ်ကစားသမား မိုဆာလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀ နဲ့ စတုတ္ထနေရာမှာရပ်တည်ပါတယ်။

မန်ယူအသင်းမှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ်မှူးဆန်ချိုဟာလည်း မိုဆာလာ လိုပဲ တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀ ကျော်ရရှိနေတယ်လို့ ပြင်သစ်သတင်းစာက ဖော်ပြပါတယ်။