ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီဦးဆောင်

ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းမှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ်။ ပြင်သစ်သတင်းစာL’Equipe  ရဲ့ လေ့လာချက်အရ ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ စာရင်းမှာ ဆီမြွန်နီက တစ်ပတ်လုပ်ခ ပေါင် ၅၇၀၀၀၀ ကျော်ရရှိနေတာပါ။

ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အများဆုံးလုပ်ခရရှိနေတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက်တောင် ပိုမိုများပြား နေတာဖြစ်ပြီး ဂွာဒီယိုလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀  ကျော်ရရှိတာပါ။

အဲဒီနောက် လီဗာပူးနည်းပြယာဂန်ကလော့ပ်က တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ကျော်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ပေါင် ၂၂၀၀၀၀ ကျော်ရရှိနေတဲ့ ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက နံပါတ်လေးနေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက်မှာ ဂျူဗင်တပ်နည်းပြ မက်အယ်လီဂရီ၊ ရီးရဲလ်နည်းပြ အန်စလော့တီ၊ အင်တာနည်းပြ အင်ဇာဂီ၊ ရိုးမားနည်းပြ မော်ရင်ညို၊ လီဗာကူဆင်နည်းပြ အလွန်ဆိုတို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။