Foldable iPhone နဲ့ iPad ကို ထုတ်လုပ်ရောင်းချဖို့ နီးလာပြီ

Apple ဟာ Foldable iPhone ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပြီး အဲဒီဖုန်းအတွက် Patent တွေကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် မဝေးတော့တဲ့ အနာဂတ်မှာ Foldable iPhone ထွက်လာနိုင်ပါတယ်။

အခုလည်း Apple က “Screen Protection Techniques Using Self-Retracting Display Device and Drop Detection” ဆိုတဲ့ Patent အသစ်ကို မှတ်ပုံတင်လိုက်ပြီး အမည်က Technical ဆန်လွန်းကာ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် Foldable iPhone ရဲ့ Patent ဆိုတာကတော့ သေချာပါတယ်။

Foldable iPad ရဲ့ သတင်းတွေလည်း ထွက်နေပြီး ဒီဇိုင်းဟာ Asus Zenbook 17 Fold နဲ့ တူညီပါတယ်။ Foldable iPhone မထွက်ခင် Foldable iPad ကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Apple ဟာ Foldable Smartphone နယ်ပယ်မှာ နောက်ကျနေပြီး Samsung နဲ့ Huawei တို့က လက်ရှိမှာ Foldable Smartphone များစွာ ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Xiaomi, vivo နဲ့ တခြား ကုမ္ပဏီတွေကလည်း Foldable Smartphone နယ်ပယ်မှာ အပြိုင်ကြဲဖို့ ကြိုးစားနေကြပါတယ်။   Ref : gizchina