Gmail ကနေ Unroll.me Account ကို ဘယ်လို ဖယ်ရှားမလဲ

Gmail Inbox ထဲမှာ ရာနဲ့ထောင်နဲ့ချီတဲ့ newsletters တွေကြောင့် စိတ်ရှုပ်နေရပါသလား။ ဒီပြဿနာ တွေကို Unroll.me ကနေ အလွယ်တကူနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။ Unroll.me ကို Gmail account နဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ Gmail ထဲမှာရှိတဲ့ newsletters တွေကို Unroll.me service က ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ Unroll.me ဟာလည်း အခြားသော ကုမ္ပဏီများကို အသုံးပြုသူများရဲ့ အချက်အလက်တွေကို ရောင်းချတာကြောင့် Unroll.me account ကို Gmail ကနေ ဖယ်ရှား ရှင်းလင်း ချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်း အတိုင်းပြုလုပ်နိုင် ပါတယ်။

 

  • me account ကို remove လုပ်ဖို့အတွက် ကွန်ပျူတာကနေဆိုရင် https://unroll.me ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်ပါ။ ပြီးရင် Login ကနေ ကိုယ့်ရဲ့အကောင့်ကို ဝင်ပါ။
  • ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ User Name နေရာဘေးမှာ ကန့်လန့်ဖြတ် မျဉ်းသုံးလိုင်းကို တွေ့ရပါလိမ့်မယ်။ ကလစ်နှိပ်ပြီး settings ဆိုတာကိုရွေးပါ။
  • Settings ထဲကိုရောက်သွားပြီဆိုရင် scroll down လုပ်ပြီး page အောက်ခြေကိုဆင်းပါ။
  • အောက်ခြေနားမှာ Delete my account ဆိုတာကိုတွေ့ရပါမယ်။ ကလစ်နှိပ်လိုက်ပါ။
  • ပြီးရင် အကြောင်းပြချက်တစ်ခုခုကိုရွေးချယ်ပေးပြီး Delete my account ကို နှိပ်လိုက်ပါ။

ဒါဆိုရင် ကွန်ပျူတာပေါ်ကနေ Unroll.me account ကို ဖျက်တဲ့နည်းလမ်းပြီးပြီဖြစ်ပါတယ်။

  • iOS device တွေပေါ်ကနေဆိုရင် Unroll.me app ကိုဖွင့်ပြီး ဘယ်ဘက်ထောင့်အပေါ်နားမှာရှိတဲ့ settings ကိုနှိပ်ပါ။ ပြီးရင် Preferences ဆိုတာကို ထပ်မံရွေးချယ်ပြီး Delete account ကို နှိပ်ပါ။ Delete account အောက်ကမှ Delete my account ဆိုတာကို နှိပ်ပြီး Yes ကို နှိပ်ကာ အကောင့်ကို ဖျက်နိုင်ပြီဖြစ်ပါတယ်။

Google account ကနေ Unroll.me account အသုံးပြုခွင့်ကို ဖျက်သိမ်းဖို့အတွက်  https:// accounts. google.com ဆိုတာကို သွားပါ။ ဒီနေရာမှာ Unroll.me account ပြုလုပ်ထားတဲ့ တူညီတဲ့ Google account ကိုသာ ထည့်သွင်းရပါမယ်။ ပြီးရင် Sign-in & security ဆိုတာကို ကလစ်နှိပ်ပါ။ အောက်ခြေ နားမှာ Connected apps & sites ဆိုတာကိုတွေ့ရပါမယ်။ Manage apps ဆိုတာကို ကလစ်နှိပ်လိုက်ပါ။

အဲဒီနောက် Unroll.me ကိုရှာပြီး remove ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးရင် Ok ကို နှိပ်လိုက်ရင် Unroll.me ကို Google account မှာ အသုံးပြုခွင့်ကို ဖယ်ရှားပြီးပြီဖြစ်ပါတယ်။ # Internet Journal