ဒဂုံမြိုသစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မတ်လ၊၂ ရက်

ဒဂုံမြိုသစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ ၂. ၃. ၂၀၂၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဒဂုံမြောက်မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းကော်မတီဝင်၊ ခရိုင်ဥက္ကဋ္ဌ ဒေါ်ဇာခြည်လင်း၊ အတွင်းရေးမှူး ဒေါ်စန်းစန်းဋ္ဌေး၊ ဘဏ္ဍာရေးမှူးဦးဝဏ္ဏမျိုးနှင့် ခရိုင်ကော်မတီဝင်များ တတ်ရောက်ခဲ့ကြပြီး ပါတီဝင်များ  စိစစ်၍ ကော်မရှင်ကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန်၊ တိုင်းပါတီသို့ ပေးပိုနိုင်ရေး၊ နယ်မြေကွင်းဆင် ဆောင်ရွက်မှု တင်ပြရေး၊ ခရိုင်ကော်မတီဝင်များအစားထိုးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄)နာရီတွင် ပြီးဆုံးခဲ့ပါသည်။