Mark Zuckerberg ရဲ့ လုံခြုံရေး အသုံးစားရိတ်ကို ဒေါ်လာ ၁၄ သန်းအထိ တိုးမြှင့်ထား

Meta က စီအီးအို Mark Zuckerberg နဲ့ မိသားစုရဲ့ လုံခြုံရေး အသုံးစားရိတ်ကို တိုးမြှင့်ပေးလိုက်ပြီး ဒေါ်လာ ၄ သန်း ကနေ ၁၄ သန်းအထိ တိုးပေးလိုက်တာပါ။ Meta က လိုအပ်တဲ့အတွက် အခုလို တိုးပေးလိုက်တာလို့ ပြောပါတယ်။

Zuckerberg ဟာ လက်ရှိမှာ Forbes ရဲ့ ဘီလီယမ်နာ စာရင်းမှာ နံပါတ် ၁၆ နေရာမှာ ရှိနေပြီး ဒေါ်လာ ၆၃ ဘီလီယမ်ကျော် ပိုင်ဆိုင်ထားပါတယ်။

ကုမ္ပဏီဟာ ဝန်ထမ်းထောင်ဂဏန်းကို အလုပ်ဖြုတ်လိုက်တယ်လို့ ကြေညာပြီးနောက်မှာ အခုလို လုံခြုံရေး အသုံးစားရိတ်ကို တိုးမြှင့်ပေးလိုက်တာပါ။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ဝန်ထမ်းတွေကို ထပ်မံ အလုပ်ဖြုတ်ဖို့ ရှိနေပါတယ်။

Meta ဟာ အရင်နှစ် နိုဝင်ဘာလမှာ ကမ္ဘာအဝန်းက ဝန်ထမ်း ၁၁,၀၀၀ သို့မဟုတ် ၁၃ ရာခိုင်နှုန်းကို အလုပ်ထုတ်ခဲ့ပါတယ်။

Mark Zuckerberg ဟာ Facebook ကို စတင် တည်ထောင်ပြီး CEO အဖြစ် တာဝန်ယူထားတာပါ။ သူ့ရဲ့ စွန့်ဦးတီထွင်မှုကြောင့် ကုမ္ပဏီဟာ အောင်မြင်ခဲ့ပြီး Startup ကနေ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ လူမှုကွန်ရက် ဖြစ်လာပါတယ်။

Ref : businesstoday