ပြည်ခိုင်ဖြိုးအသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့် သက်ကြီးပုဂ္ဂိုလ်များအား ဂါဝရပြု တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည်     ဖေဖော်ဝါရီ ၁၄

(၁၄-၂-၂၀၂၃)ရက်နေ့ (၀၉:၀၀) မှ (၁၁:၁၅) အချိန်ထိ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးအသင်းကာလက တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီး စည်းရုံးရေးမှူးများနှင့် အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့်ပါတီဝင်များအား ဂါဝရပြု‌ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်သီဂ်အောင်၊ ကျောက်ဆည် ခရိုင်ပါတီ ဥက္ကဌဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ မှ ဝါရင့်အသင်းဝင်များ (၄၀) ဦးအား ဂါဝရပြုခဲ့ကြပြီး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာကော်မတီဝင်များ  စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ ကြပါသည်။