ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိးပါတီ ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်ပါတီဥက္ကဌများ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆိပ်/တို  ဖေဖော်ဝါရီ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်(၉)ခုရှိ ရပ်ကွက်ပါတီဥက္ကဌများ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီက မြို့နယ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ ၄င်းအစည်းအဝေး၌ မြို့နယ်ပါတီဥက္ကဌ ဒေါ်အေးအေးမြင့်မှ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်အင်အား တိုးတက်ရရှိရေး ပါတီလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။