ရွှေပြည်သာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်/ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၉ – ၂ –  ၂၀၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁၃:၃၀ နာရီအထိတွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ရပ်/ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အင်အား(၃၀)ဦးဖြင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ်ပါတီ ယာယီဥက္ကဌ ဦးထွန်းထွန်းဦးက ရပ်/ကျေးပါတီများအင်အားပြည့် ဖွဲ့စည်းနိုင်ရေး၊ လူငယ်နှင့်အမျိုးသမီးရေးရာစကားဝိုင်းများကျင်းပနိုင်ရေး၊ ရပ်ရွာဖွံ့ဖြိုးသာယာလှရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာလုပ်ငန်းများ၊ မြို့နယ်ပါတီနှင့်ရပ်/ကျေးပါတီများ အချိတ်အဆက်မိမိ ပေါင်းစပ် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြီး မြို့နယ်ပါတီကော်မတီဝင် ဦးရဲဝင်းအောင်က စည်းရုံးရေးရာလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။ ထို့နောက် ရပ်/ကျေးပါတီများ၏တင်ပြချက်များအား မြို့နယ်ပါတီယာယီဥက္ကဌ က ပြန်လည် ရှင်းလင်းပြီး ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ခဲ့သည်။