လွိုင်လင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်း အနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက လွိုင်လင်မြို့နယ် မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်ရွေးချယ် ရေးအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်တာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင် ပါတီအတွင်းရေးမှူး ဦးထွန်းငြိမ်း နှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်လင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးထွန်းရွှေနှင့် ပါတီ ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၅ဝ) ခန့် တက်ရောက်ကြသည်။

13619827_404830826358717_2159280190459328909_n

ရှေးဦးစွာ သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး သဘာ ပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် လွိုင်လင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးထွန်းရွှေက လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခဲ့ပြီး မြို့နယ်ပါတီဝင် ဦးရဲမင်းသိန်းက တောင်သူလယ် သမားစာတမ်းအား လည်းကောင်း၊ ဦးအောင်အောင်လွင်က အလုပ်သမား ရေးရာ စာတမ်း၊ ဦးကြည်မင်းဟန်က လူငယ်ရေးရာ စာတမ်းအား လည်းကောင်း၊ဒေါ်စော နန္ဒာမြင့်က အမျိုးသမီးရေးရာ စာတမ်းအား ဖတ်ကြားတင်သွင်း ပြီးနောက် ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်က ပြန်လည်ရွေး ချယ်ရေးလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြား ပေးခဲ့သည်။

ယင်းနောက် အခမ်းအနားအား အစီအစဉ်အတိုင်းကျင်းပရာ၂ဝ၁ဝ- ၂ဝ၁၅ ခုနှစ်အတွင်း တာဝန်ထမ်း ဆောင်ခဲ့သော ပါတီကော်မတီဝင် ၁၅ ဦးတို့က တာဝန်မှ နုတ်ထွက် ကြသည်။

ထို့နောက် လွိုင်လင် မြို့နယ်ပါတီကော်မတီဝင် ၁၅ ဦး နှင့် အရန်ကော်မတီဝင် ၁၅ ဦး တို့အား လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးအခမ်းအနား တွင် လွိုင်လင်မြို့နယ်ပါတီဥက္ကဋ္ဌ အဖြစ် ဦးခွန်ထွန်းမောင်အားလည်း ကောင်း၊ မြို့နယ်ပါတီအတွင်းရေး မှူးအဖြစ် ဦးမြင့်ဇော်ဦး၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စောနန္ဒာမြင့်တို့အား အသီးသီးလျှို့ဝှက် ဆန္ဒပြုထောက်ခံရွေးချယ်ခဲ့ကြပြီး သဘာပတိက အတည်ပြုပေးခဲ့သည်။

ထို့နောက် အတွင်းရေးမှူး ဦးထွန်းငြိမ်းနှင့် ခရိုင်ပါတီကော် မတီဝင် ဦးတင်အောင်ဝင်းတို့က တာဝန်ပေးအပ်လွှာပေးအပ်ရာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းမောင် က လက်ခံခဲ့ပြီးနောက်လွိုင်လင်မြို့နယ် ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များက သဘာပတိရှေ့ မှောက်တွင် ကတိပြုကျမ်းကျိန်လွှာ အား ဖတ်ကြားခဲ့သည်။ ယင်း နောက် လွိုင်လင်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းမောင်ကနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီး သဘာ ပတိက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပြီးနောက်မျက်နှာစုံညီအစည်း အဝေးကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

စိုင်းစိုးမင်းလတ်


Leave a Reply