ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု မြို့မကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး ဥက္ကဌ ဦးအေး နှင့်  ရပ်ကျေး ပါတီ​ကော်မတီ​ဝင်များရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီးရက်(၉၀) စီမံချက်ပါလုပ်ငန်း စဉ်များ ပါတီဝင် အင်အားစီစစ်ခြင်း၊ PR စနစ်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ရွှေတောင်မြို့နယ်ပါတီဥက္ကဌ ဦးခင်အောင်ဝင်း နှင့် မြို့နယ်ကော်မတီဝင် ဦးထွန်းမင်းလက် စည်းရုံးရေးတာဝန်ခံ တို့တက်ရောက်ကြပြီးရပ်ကျေးပါတီ၏ ဆွေးနွေးချက် များကိုပါတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။