ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ၏ မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍသိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာအခမ်းအနားသို တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်/မိသားစုတို့နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကျင်းပပြုလုပ် သော နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂတောင်သာသနာပြု ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်မြတ်၏ သက်တော်(၇၅)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍ သိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာပွဲအခမ်းအနားသို တက်ရောက်၍ အလှူငွေများ ဆပ်ကပ် လှူဒါန်း ခဲ့ပါသည်။