ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ စစ်တွေခရိုင်အတွင်းရှိ မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်၊ရခိုင်ပြည်နယ်ပါတီပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေသည် စစ်တွေခရိုင်အတွင်းရှိ မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံပြီး ပါတီရှေ့လုပ်ငန်းစဉ် များ ကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စစ်တွေခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ဖြစ်သော စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များမှ မြို့နယ် ကော်မတီဝင်များအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီခွဲက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမမှာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ် ရက် (၉၀)စီမံချက်အပါအဝင် ပါတီဌာနချုပ်မှ ညွှန်ကြားချက်များအား အကျယ်တဝင့် ပြောကြားခဲ့သည်.

ထို့နောက် ပြည်နယ်ပါတီကော်မတီဝင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးမာခင်မှ ပါတီဌာနချုပ်မှ ညွှန်ကြားထားသော ပါတီအမျိုးသမီးရေးရာ ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်နယ်ပါတီ ကော်မတီဝင်၊ လူငယ်ရေးရာတာဝန်ခံ ဦးစန်းငွေမှာ ပါတီဌာနချုပ်မှ ညွှန်ကြားထားသော ပါတီလူငယ် ရေးရာ ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ၄ မြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌအသီးသီးတို့က လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ မှ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ စစ်တွေ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

#SITTWE_USDP