နယ်မြေကွင်းဆင်း၍ရွေးကောက်ပွဲစနစ်နှင့် PR စနစ် အကြောင်းရှင်းလင်းဆွေးနွေး

ပဲခူးတိုင်း(အနောက်ပိုင်း) နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ် တာဝန်ခံတိုင်းပါတီကော်မတီဝင်ဒေါ်ထားထားနု နှင့် မြို့နယ်ပါတီဥက္ကဌဒေါ်ဝင်းဝင်းမော် တို့ ဦးဆောင်၍မြို့နယ်ပါတီ အတွင်းရေးမှူး မြို့နယ်ပါတီဘဏ္ဍာရေးမှူးတို့ ပါဝင်သောမြို့နယ် ကော်မတီဝင်များသည် ပေါင်းတည်မြို့နယ်ကိုယ်ဝန်ဆောင်အုပ်စု ကွှန်းကုန်းရွာမြို့နယ် ကော်မတီဝင် ဦးရဲထွဋ်၏ နေအိမ်၌ ကိုယ်ဝန်ဆောင်အုပ်စုနှင့် ကြုံးကြုံးကြအုပ်စုတို့မှ ရပ်ကျေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲစနစ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင်ပြောင်းလဲကျင့်သုံးမည့် PRစနစ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။