ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆဌမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ကယားပြည်နယ် – ဇူလိုင် ၁၆

ကယားပြည်နယ်၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ယ​မန်နေ့ မနက် ​(၉:၃၀)နာရီ အချိန်​တွင်​ ဆရာ​တော်​သံဃာ​တော်​များအား ပင့်ဖိတ်​၍ ဆဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်​ကပ်​လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပြည်နယ်ပါတီဥက္ကဌ​ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်) နှင့် ဗဟို ကော်မတီဝင်များ၊ ပြည်နယ်ပါတီ နာယကများ၊ ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့များ၊ လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ​ ကော်​မတီဝင်​များ​၊ မြို့မိမြို့ဖများ၊ မိတ်ဖက်နိုင်ငံရေး ပါတီများ၊ မြို့နယ် (၇) မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ရပ်/ကျေးပါတီ ဥက္ကဌများ၊ ပါတီရုံးမိသားစုများ စုစုပေါင်း အင်အား (၁၀၀) ကျော် တက်​​ရောက်​ခဲ့ကြပြီး တရား​တော်​များ နာယူကြည်​ညို ခဲ့ကြကြောင်း သတင်းရရှိသည်။