မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

(၂၆.၁၁.၂၀၂၂)ရက်နေ့(၁၁း၃၀)နာရီအချိန်တွင် မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်သိန်းကျော် ခရိုင်ပါတီအတွင်း ရေးမှူး ဦးအောင်နိုင်နှင့် မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဌေးဦး အတွင်းရေးမှူးဦးကျော်ဌေးနှင့် မြို့နယ်ပါတီကော်မတီများ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများ ရှင်းလင်းခြင်း ပါတီဝင်အင်အား စိစစ်ရေး ပါတီဝင်အသစ်နှင့် ပါတီဝန်းရံအင်အားတိုးချဲ့ စည်းရုံးရေးကိစ္စရပ်များ လူငယ် အမျိုးသမီးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေး လုပ်ငန်းစဉ် များ ဆွေးနွေးခဲ့ကြပါသည်။

တက်ရောက်လာကြသော မြို့နယ်ပါတီကော်မတီဝင်များမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ ခရိုင်ပါတီ ဥက္ကဌနှင့်မြို့နယ်ပါတီဥက္ကဌတို့မှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပြီး နေ့လည်(၁:၁၅)နာရီအချိန်တွင် အစည်း အဝေး ပြီးမြောက်ခဲ့ပါသည်။

#WINHTAYOO