တိုင်း/ခရိုင်/မဟာအောငမြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

(၂၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်း/ ခရိုင်/ မဟာအောင်မြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ မဟာအောင်မြေမြို့နယ်ပါတီဥက္ကဌ ဦးယဉ်မောင်ဟိန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေး၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြောင်းသိရှိရသည်။