ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကေဒါခေါင်းဆောင်တာဝန်ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီကေဒါခေါင်းဆောင် တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၃) ရက် နံနက် (၉) နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတာဝန်ပေးအပ်ပွဲအခမ်း အနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်း နှင့် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများ၊ ရပ်/ကျေးပါတီကေဒါ ခေါင်းဆောင်များနှင့် အင်အား(၁၂ဝ) ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားမှူးအဖြစ် မြို့နယ်ပါတီကော်မတီဝင် ဒေါ်ဆွေဆွေလင်းက အခမ်းအနားအစီအစဉ်များဖတ်ကြားပြီး ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူး ဦးအောင်မြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီကေဒါအမာခံများအဖြစ် တက်ရောက်လာကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ မိမိတို့ ပါတီလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ကြရန်မှာ ကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းထွန်း က ရပ်/ကျေးပါတီခေါင်းဆောင်များ ပေါ်ထွက်လာပြီးမကြာမီ မြို့နယ်အဆင့် ရွေးချယ်ရေးနှင့် မျက်နှာစုံညီအစည်းအဝေး ဆက်လက် ကျင်းပတော့မည်ဖြစ်ကြောင်း၊ လူမှန်နေရာမှန်ဖြစ်ရန် ရွေးချယ်တင် မြှောက်ကြ ရန်လိုအပ်ကြောင်း၊ မိမိတို့ မြို့နယ်အနေဖြင့် စည်းရုံးရေး အခြေခံကောင်းများ ပိုင်ဆိုင်ထား ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်/ကျေးပါတီကေဒါများက ကတိသစ္စာခံယူကြပြီး နံနက် (၁၁) နာရီတွင် အစည်းအဝေး ပြီးစီးခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)


Leave a Reply