ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ လပတ်​အစည်း​ဝေး ပြုလုပ်

 

မွန်ပြည်နယ် ၊ဘီးလင်းမြိုနယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လပတ်​အစည်းအ​ဝေကို (၁၅.၁၀.၂၀၁၇)နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင်​ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်​နယ်​​ပါတီကော်​မတီဝင်​ ဒေါက်တာခင်​​မောင်​သွင်​၊ တက်​​ရောက်​ခဲ့သည်။

အဆိုပါအစည်း​အဝေးတွင် ​ပြည်​နယ်​​ကော်​မတီဝင် ဒေါက်တာခင်​​မောင်​သွင်​မှာ ပါတီဝင်​များနှင့်​စဉ်​ဆက်​မပြတ်​ထိ​တွေ့​​ရေး၊ ကွင်းဆင်း​ဆောင်​ရွက်​ကြရန်​​ပြောကြားကာ တက်ရောက်လာကြသော ရပ်​​ကျေးစည်းမှူးများမှ သိရှိလိုတာများအား ​​ဆွေး​နွေးတင်​ပြခဲ့ကြသည်။ မြို့နယ်ပါတီ​ဥက္ကဋ္ဌ ဦးမြင့်​​ဆွေမှ ​ကော်​မတီတစ်​ဦးချင်း၏​ရေးရာအလိုက် ကွင်းဆင်း​ဆောင်​ရွက်​ကြရန်​ မှာကြားခဲ့သည်​။

ဆက်လက်ပြီး မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦး​ကျော်​​ဇေယျာမင်းမှ ပါတီ၏​ရှေ့ လုပ်​ငန်းစဉ်​များအား အရှိန်​အဟုန်​မြင့်​​ဆောင်​ရွက်​နိုင်​​ရေး၊ ပါတီအပေါ် သစ္စာရှိမှုနှင့်​ ပါတီအတွင်း​သွေးခွဲ​မှုများအား ​ရှောင်​ကြရန်​မှာကြားခဲ့​သည်​။

အဆိုပါအစည်း​ဝေကို ပြည်​နယ်​​ကော်​မတီဝင်​ဒေါက်တာခင်​​မောင်​သွင်​၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်​​ဆွေ၊ အတွင်း​ရေး​မှူး ဦးကျော်​​ဇေယျာမင်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ တက်​​ရောက်​ပြီး အစည်း​ဝေကို မွန်းလွှဲ (၀၁း၀၀)နာရီချိန်တွင် ပြီးမြှောက်ခဲ့သည်။

#admin_team