မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌….. ” (၁၀၂)ကြိမ်မြောက် အမျိုးသားနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွရေး ဆွေးနွေးပွဲ စကားဝိုင်း ” ကျင်းပပြုလုပ်

17.11.2022. နံနက် ၉ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ ဂုဏ်ပြုပွဲ အခမ်းအနား နှင့် ဇာတိသွေး ၊ ဇာတိမာန် တက်ကြွရေး ဆွေးနွေးပွဲ စကားဝိုင်းကျင်းပခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်း၊ အကြမ်းဖက်သမားများကြောင့် သေဆုံးသွားကြသော ပါတီဝင်များ၊ ပါတီဝန်းရံကြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား သတိရ အောက်မေ့ခြင်းအတွက် ၂ မိနစ်ငြိမ်သက်ကာ အခမ်းအနားကိုစတင်ကျင်းပခဲ့ပါသည်။

ထို့နောက် မြို့နယ်ဥက္ကဌ ဦးစိုးအေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဗဟိုကော်မတီ တိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်ဦးနှင့် (မြို့နယ် အကြံပေး)  လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းလွင် တို့မှ အမျိုးသားရေး စိတ်ဓာတ် နှင့် ဇာတိသွေး ၊ ဇာတိမာန် ရှင်သန်ထက်မြက်ရေးအတွက် ဟောပြောဆွေးနွေးခဲ့ကြပါသည်။

(မြို့မိ မြို့ဖ) ဦးသန်းကြွယ်နှင့် တက်ရောက်လာကြသူများမှလဲ အမျိုးသားနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပြန်လည် ဆွေးနွေးခဲ့ကြပြီး… အခမ်းအနားသို့ တိုင်းကော်မတီဝင် ဦးမျိုးမြင့် ၊ ဦးအောင်နိုင်ဦး မဟာအောင်မြေခရိုင် ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦး၀င်းလှိုင်ငြိမ်း ၊ ခရိုင်ကော်မတီဝင် ဦးစံရ ၊ မြို့နယ် အကြံပေးအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ မြို့နယ်ကော်မတီဝင်များ နှင့် ပါတီဝင်များအပါအဝင် စုစုပေါင်း အင်အား ၉၅ ဦးဖြင့် နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။