ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး မှ တိုင်းအတွင်းရှိ ပေါက်ခေါင်းမြို့နယ် သို့ ကွင်းဆင်းဆောင်ရွက်

ပဲခူး(အနောက်)၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ ပေါက်ခေါင်းမြို့နယ်သို့ ကွင်းဆင်းပြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံမှုအား ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့တွေ့ဆုံရာတွင် ပါတီမှရေးဆွဲချမှတ်ထားသော ရက် ၉၀ စီမံချက်အား အောင်မြင်စွာအကောင်အထည်ဖော်ရေး၊ ပါတီဝင်အင်အားတိုးတက်ရရှိရေးနှင့် အင်အားစာရင်းများမှန်ကန်ရေး၊ ပါတီလုပ်ငန်းစိစစ်ရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအား လိုက်နာဆောင်ရွက်ရေး၊ ပါတီဥက္ကဋ္ဌ လမ်းညွှန်ထားသော ရပ်ဝန်း ၈ ခုအား အောင်မြင်စွာအကောင်အထည်ဖော်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။