ပန်းသီးအများကြီးစားလွန်းခြင်းရဲ့ဖြစ်နိုင်ချေများတဲ့ဘေးထွက်ဆိုးကျိုးများ

သစ်သီးတွေထဲမှာ ပန်းသီးကလည်း ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ ပိုတတ်စီယမ်ဓာတ်အပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အထောက်အကူပြုနေပေမဲ့ ပန်းသီးအစားများရရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေရှိလဲဆိုတာ သိရဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အစာခြေပြဿနာ

ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အစာခြေစနစ်အားကောင်းစေပေမဲ့ ပန်းသီးစားတာများလွန်းမယ်ဆိုရင် လေအောင့်တာ၊ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ လူတွေက အသက်အရွယ်နဲ့ လိင်အမျိုးအစားပေါ်မူတည်ပြီး တစ်နေ့ကို အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ဂရမ် ၄၀ ကြားလိုအပ်ပါတယ်။ ဂရမ် ၇၀ ကျော်သွားရင်တော့ ပန်းသီးစားတာများလွန်းတယ်လို့ ဆိုရမှာပါ။ ဂရမ် ၇၀ ကျော်ဖြစ်ဖို့ ပန်းသီး ၁၅ လုံးစားဖို့ လိုအပ်ပေမဲ့ တစ်နေ့တာမှာ အမျှင်ဓာတ်ရနိုင်တဲ့ အခြားအစားအစာတွေလည်း စားဖို့တယ်ဆိုတာကို စိတ်ထဲမှတ်ထားသင့်ပါတယ်။ ဒါကြောင့် သင်က တစ်နေ့ကို ပန်းသီး (၂) လုံးထက်ပိုစားမိတယ်ဆိုရင် အစာခြေပြဿနာတွေဖြစ်လာနိုင်ပါတယ်။

သွေးအတွင်းသကြားဓာတ်မတည်မငြိမ်ဖြစ်တာ

ပန်းသီးတွေက စွမ်းအင်ထောက်ပံ့ပေးနိုင်တဲ့ ကာဗွန်ဟိုက်ဒရိုက်ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ Workout မလုပ်ခင် စားပေးသင့်တဲ့ အစာပြေအစားအစာလည်းဖြစ်ပါတယ်။ ပန်းသီးက သင့်စိတ်ကိုလည်း ပျော်ရွှင်လာအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပန်းသီးအများကြီးစားသုံးမယ်ဆိုရင် ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှုများတဲ့အတွက် သွေးအတွင်းသကြားဓာတ်မတည်မငြိမ်ဖြစ်လာနိုင်ပါတယ်။ ဆီးချိုရောဂါသမားတွေအတွက် ပိုဆိုးရွားစေနိုင်ပါတယ်။

ပိုးသတ်ဆေးအများကြီးစားသုံးမိနေတာ

ပန်းသီးက ပိုးသတ်ဆေးအမြင့်ဆုံးပါဝင်တဲ့ အသီးနဲ့ဟင်းသီးဟင်းရွက်စာရင်းမှာ ပါဝင်ပါတယ်။ Diphenylamine ဆိုတဲ့ပိုးသတ်ဆေးက ပန်းသီးတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါကြောင့် ပန်းသီးအများကြီးစားမယ်ဆိုရင် ဓာတုပစ္စည်းအများကြီးစားသုံးမိသလိုဖြစ်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်များလာနိုင်တယ်

ပန်းသီးတွေကလည်း ကာဗွန်ဟိုက်ဒရိုက်ပါဝင်မှုများတဲ့အတွက် အများကြီးစားသုံးတာက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိုက်ကို အရင်ဆုံးလောင်ကျွမ်းပေးရတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ပန်းသီးအများကြီးစားသုံးတာက ကိုယ်အလေးချိန်လျော့ချဖို့လိုအပ်တဲ့အခါ အဆီလောင်ကျွမ်းဖို့အတွက် ခန္ဓာကိုယ်ကို ကန့်သတ်ပစ်နိုင်ပါတယ်။

သွားကို ပျက်စီးစေနိုင်တယ်

ပန်းသီးတွေ သဘာဝအလျောက် ချဉ်တဲ့၊ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အများကြီးစားသုံးမယ်ဆိုရင် သွားကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာကို ပန်းသီး (၁) လုံးလောက်ပဲစားပေးမယ်ဆိုရင်တော့ သင့်သွားအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

အူမှာ ဖိအားနှစ်ဆဖြစ်စေတယ်

မကြာခဏလေထိုးလေအောင့်တဲ့သူ၊ လေထတတ်တဲ့သူတွေကိုတော့ ပန်းသီးစားသင့်တယ်လို့ ထောက်ခံချက် မပေးကြပါဘူး။ ပန်းသီးက အစာချေရတဲ့ခက်ခဲစေတဲ့အတွက် အူမှာဖိအားအများကြီး ဖြစ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

တစ်နေ့ကို ပန်းသီး ဘယ်လောက်စားပေးသင့်လဲ

ပုံမှန်အားဖြင့် လူတစ်ယောက်က တစ်နေ့ကို ပန်းသီး (၁) လုံးကနေ (၂) လုံးအထိ စားပေးနိုင်ပါတယ်။

 source:yoyarlay