နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။  ယင်းပြင်နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်   အသွားအပြန်ခရီးစဉ်ကိုလည်း နေ့စဉ်ပျံသန်းနေပြီး အမေရိကန် ဒေါ်လာ ၁၅၀ မှ စတင် ရောင်းချပေးနေကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်ကိုလည်း ၄၈၂ ဒေါ်လာမှ စတင်ရောင်းချနေပြီးသတ်မှတ်ထားသည့် Digital Payment များဖြင့် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်များ ဝယ်ယူရာတွင် 3D Secure “on” ထားသည့် Credit Card သို့မဟုတ် Debit card များဖြင့် ငွေပေးချေခြင်း၊ MPU Card များဖြင့် ငွေပေးချေခြင်း၊ 123 Service မှတစ်ဆင့် Over the counter များဖြစ်သော Near Me, G&G ,abc store, City Mart, City express နှင့် Oasis ဆိုင်များတွင် ငွေပေးချေနိုင်မည်ဟု သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ခရီးသည်များ၏ တန်ဖိုးကြီးပစ္စည်းများကို Check Baggage တွင် သယ်ဆောင်ခြင်းမပြုဘဲ 7kg ရရှိသော Hand Carry ထဲတွင် ထည့်ပြီး တစ်ပါတည်းယူဆောင်ရန် အသိပေးချက် ထုတ်ပြန်ထားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းစျေးလျှော့ရောင်းချမည့် MNA 74th Anniversary Promotion အား  သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ MNA 74th Anniversary Promotion ကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွားကာလကို ၂၀၂၂ခုနှစ်၊ သြဂုတ် ၁၇ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည့်အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင် အထိ တစ်ကြိမ်အခမဲ့ရက် ချိန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို MNA website www.flymna.com, Mobile Application , MNA Ticketing Counters နှင့် Authorized Travel Agent များတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ် တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းခဲ့ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း လိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ်စဉ်တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှပျံသန်းခဲ့ခြင်းဖြစ်သည်။

ယင်းပြင် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက် ဗုဒ္ဓဂယာဘုရားဖူးရာသီ၏ ပထမဆုံးခရီးစဉ်အဖြစ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား နိုဝင်ဘာ ၄ ရက်တွင် စတင်ပျံသန်းခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Checking-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  Elevennews