ဖေ့စ်ဘွတ် ကုမ္ပဏီ ၀န်ထမ်းတွေ လျှော့ချဖို့ပြင်

Facebook လူမှုကွန်ရက် ရဲ့ မီခင် ကုမ္ပဏီ Meta ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဝန်ထမ်းအမြောက်အများကို အလုပ်ကနေ စတင်ပြီး ရပ်စဲဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

The Wall Street Journal ကနေ ပထမဦးဆုံး ဖော်ပြခဲ့တဲ့ အဲဒီအကြောင်း သတင်းထဲမှာ ထောင်နဲ့ချီရှိကြတဲ့ ဝန်ထမ်းတွေကို အလုပ်ရပ်စဲတော့မယ်လို့ ယူဆရပြီး ဒါဟာဆိုရင် ကုမ္ပဏီရဲ့ သက်တမ်း ၁၈ နှစ်အတွင်း ပထမဦးဆုံး အများဆုံး အလုပ်ရပ်စဲတာဖြစ်ပါတယ်။

လာမဲ့ ဗုဒ်ဓဟူးနေ့လောက်က စတင်ပြီး အလုပ်ရပ်စဲတာတွေ ဖြစ်လာလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Facebook ရဲ့ မီခင် ကုမ္ပဏီ Meta ဖက်ကတော့ တစုံတရာ မှတ်ချက် ပြောဆိုတာမရှိသေးပါဘူး။။

မကြာသေးခင် လတွေတုံးကလည်း နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Twitter , Microsoft , Lyft နဲ့ Stripe တို့မှာလည်း ဝန်ထမ်းတွေကို အလုပ်တွေကနေ ရပ်ဆိုင်းခဲ့ကြပါတယ်။

Social Media လူမှုကွန်ရက် ကုမ္ပဏီတွေဟာ နောက်မှပေါ်လာတဲ့ Tik Tok နဲ့ Snapchat တို့ရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုတွေကို ကြုံတွေ့နေကြရပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံးထဲမှာ ပါဝင်တဲ့ Elon Musk ဟာ Twitter လူမှုကွန်ရက် ကုမ္ပဏီကို ဝယ်ယူလိုက်ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဝန်ထမ်းတဝက်လောက်ကို အလုပ်တွေကနေ ရပ်စဲလိုက်ပါတယ်။

-Ref:VOA