Gameloft ကုမ္ပဏီနှင့် MPT ပူးပေါင်းကာ ဂိမ်းဝန်ဆောင်မှု ပေးအပ်သွားမည်

Gameloft ကထုတ်လုပ်ထားတဲ့ နာမည်ကြီး ဂိမ်းအမျိုးအစားတွေကို MPT နဲ့ ပူးပေါင်းကာ ဂိမ်းဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဝန်ဆောင်မှုကို တစ်ရက်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ gameloft ကထုတ်လုပ်ထားတဲ့ Asphalt, Real Football, Modern Combat, N.O.V.A အစရှိတဲ့ နာမည်ကြီး ဂိမ်းတွေကို ရယူကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းထဲကနေ တစ်ဆင့် ဂိမ်းထဲမှာပါဝင်တဲ့ In-App Purchase ဝယ်ယူခြင်းကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

“ဒီ ဝန်ဆောင်မှုကို ရယူဖို့အတွက် ဒီနေရာ ကနေတစ်ဆင့် subscribe လုပ်ပြီးတော့ ဂိမ်းဝန်ဆောင်မှုကို အသုံးပြု နိုင်မှာပါ၊ စတင်အသုံးပြုတဲ့ သူတွေအနေနဲ့ ၇ ရက် အခမဲ့ အသုံးပြုနိုင်ပါတယ်” လို့ Gameloft က Country Manager ဖြစ်သူ Nitin Goel ကပြောကြားခဲ့ပါတယ်။ Gameloft ကို ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ လက်ရှိမှာ လစဉ် အသုံးပြုကစားသူ ၁၃၄ သန်း ရှိကြောင်း၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှာဖြန့်ဝေထားပြီး ကမ္ဘာအနှံ့ ဝန်ထမ်းပေါင်း ၆၀၀၀ ကျော် အလုပ်ခန့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

-ယုနန္ဒထက်