တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၄၈ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၄၈ ဦးသည် အောက်တိုဘာ ၂၅ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ကုန်ထုတ်လုပ်သား ၁၂၉ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၁၉ ဦး၊ စုစုပေါင်း ၁၄၈ ဦးသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများကို ပြန်လည်လက်ခံလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်က ကုန်ထုတ်လုပ်သား၊ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သား ၁၅၀ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။

sdtimedaily