စင်ကာပူက ချန်ဂီလေဆိပ်၏ Jewel စင်တာသစ်ကို စတင်ဖွင့်လှစ်ပေး

သံမဏိနှင့် မှန်အခုံးတို့မှတစ်ဆင့် ရေ များဖြာကြနေသော မီတာ ၄၀ မြင့် ရုံတွင်း ရေတံခွန်ကို ဧပြီ ၁၁ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ ဒေါ်လာ ၁.၂၅ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားသည်ဆိုသော Jewel စင်တာသည် လေးထပ်အဆောက်အအုံဖြစ်ကာ ထိုအဆောက်အအုံအတွင်း လက်လီဆိုင်နှင့် စားသောက်ဆိုင် ၂၈၀ ခန့် ပါဝင်သည့် ဧရာမခန်းမဆောင်သစ် Jewel ကို စင်ကာပူ၏ ချန်ဂီလေဆိပ်၌ ဟိုတယ်တစ်ခုနှင့် ရုပ်ရှင်ရုံတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ Jewel စင်တာကို လေဆိပ်၏ ခန်းမဆောင်သုံးခုနှင့် ဆက်သွယ်ပေးထားသည်။ Jewel စင်တာ၏ အဓိကဆွဲဆောင်မှုသည် HSBC Rain Votex ရေတံခွန်ဖြစ်ပြီး ကမ္ဘာအမြင့်ဆုံး အဆောက်အအုံတွင်း ရေတံခွန်ဖြစ်မည်ဖြစ်သည်။

စတုရန်းပေ ၁.၄ သန်းရှိသော ထိုခန်းမဝန်းသည် လေဆိပ်တွင် ခရီးတစ်ထောက်နားသည့် ခရီးသည်များအတွက် ဆွဲဆောင်မှုဖြစ်လာမည်ဟု စင်ကာပူအာဏာပိုင်များက မျှော်မှန်းထားသည်။ ရုံတွင်းဥယျာဉ်တစ်ခုသဖွယ် တည်ဆောက်ထားသော ထိုအဆောက်အအုံကို ယခုသီတင်းပတ်တွင် ခရီးသည်အချို့အတွက် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လာမည့် ဧပြီ ၁၇ ရက်တွင် အပြည့်အဝ ဖွင့်လှစ်မည်ဖြစ်သည်။ Jewel သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးသွားများအတွက် ကမ္ဘာတွင် သတ္တမမြောက် အစည်ကားဆုံးဖြစ်သော ချန်ဂီလေဆိပ်အား ဟောင်ကောင်နှင့် ဒူဘိုင်းကဲ့သို့ ခရီးဝေးသွား ခရီးသည်များအတွက် ဆွဲဆောင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ကမ္ဘာကျော်ဗိသုကာ မိုရှေဆာဖ်ဒီက ဦးဆောင်သော Safdie Architects ဗိသုကာလုပ်ငန်းက Jewel ၏ ဒီဇိုင်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်တစ်ခုနှင့်တစ်ခုကြား စောင့်ဆိုင်းနေစဉ်အတွင်း Jewl စင်တာသို့ အချိန်ငါးနာရီခန့်ကြာ သွားရောက်လည်ပတ်နိုင်ကြောင်း လေဆိပ်က အကြံပြုထားသည်။

 Ref: AFP