Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၉၂) ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၂၉၂ ယောက်ထပ်မံတွေ့ရှိပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ ည ၈ နာရီကနေ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၀၁၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့ရာခိုင်နှုန်းက ၂.၆၅ ရာခိုင်နှုန်း ရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ရောဂါကြောင့် ထပ်မံသေဆုံးသူမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေနဲ့ သေဆုံးသူတွေဟာ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးထားတဲ့သူတွေ ဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေကို မပျက်မကွက် ထိုးနှံကြဖို့နဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။MOH