ပါကစ္စတန်ရေဘေးကူညီရန် ဒေါ်လာသန်း ၁၅၀ ကတိပြုထား

ပါကစ္စတန်ဆိုင်ရာ ကုလကိုယ္စားလွယ္က  ပါကစ္စတန်ရေးဘေးကယ်ဆယ်ရေးအတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထည့်ဝင်လှူဒါန်းဖို့ ကတိပြုထားကြတယ်လို့  ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီကတိကဝတ်တွေကို နိုင်ငံတကာအန်ဂျီအို၊ ပြည်တွင်းအန်ဂျီအိုနဲ့ ကုလအေဂျင်စီတွေရဲ့ တရားဝင် သဘောတူညီချက်အဖြစ် အကောင်အထည်ဖော်ပြီး ပြည်သူတွေအတွက် အကူအညီပေးရေး ပစ္စည်းတွေအဖြစ် အမြန်ပေးအပ်နိုင်ဖို ဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပါကစ္စတန် ရေးဘေးကယ်ဆယ်ရေးအတွက် ကုလအေဂျင်စီတွေ၊ နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုက လေကြောင်းကနေပေးပိုတဲ့အကူအညီဟာ အကြိမ် ၉၀ ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။  ဗုဒ္ဒဟူးနေ့ကပဲ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က  အိုးအိမ်ဆုံးရှုးသွားတဲ့ပြည်သူတွေကို နေအိမ်ပြန်ဆောက်ဖို့ ငွေထုတ်ပေးပြီး ပုံမှန်လူမှုဘ၀ပြန်ရဖို့ ကူညီပေးသွားမှာဖြစ်တဲ့အကြောင်း ပြည်သူတွေကို ကတိပြုခဲ့ပါတယ်။ -Ref:Reuters