ကီရီရော့စ်က ကမ္ဘာ့နံပါတ်တစ် မက်ဗီဒက်ကိုအနိုင်ရပြီး ကွာတားတက်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဩစတြေးလျ တင်းနစ်သမား နစ်ကီရီရော့စ် က လက်ရှိ ယူအက်စ်အိုးပင်း ချန်ပီယံနဲ့ ကမ္ဘာ့နံပါတ်တစ် ရုရှားကစားသမား မက်ဗီဒက်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

ပွဲငယ်လေးပွဲနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နစ်ကီရီရော့စ် ၂၇ နှစ်က သူ့ရဲ့တင်းနစ်စွမ်းရည်တွေနဲ့ အူကြောင်ကြောင် နိုင်တာတွေအားလုံးကိုပြသခဲ့ပြီး ၇-၆(၁၃-၁၁)၊၃-၆၊ ၆-၃ ၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရှုံးသွားတဲ့ မက်ဗီဒက် ၂၆ နှစ်က ကမ္ဘာ့နံပါတ်တစ်နေရာကို ဆုံးရှုံးမှာဖြစ်ပြီး ကီရီရော့စ် က ကမ္ဘာ့အဆင့် ၂၀ အတွင်း ပြန်ဝင်လာမှာဖြစ်ပါတယ်။

ကီရီရော့စ်က ကွာတားဖိုင်နယ်မှာ နောက်ထပ်ရုရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့  ခါချာနော့ဗ်ကို ရင်ဆိုင်ရမှာပါ။ ခါချာနော့ဗ်က စပိန်ကကာရီနိုဘတ်စတာကို ပွဲငယ်ငါးပွဲကစားပြီး သူ့ရဲ့ တတိယမြောက် ဂရင်းဆလမ်းပြိုင်ပွဲ ကွားတားအဆင့်ကို တက်လာတာဖြစ်ပါတယ်။

-Ref: BBC