ထိုင်းသို့ မြန်မာအလုပ်သမား ၈၀၀ ကျော် ထပ်မံရောက်ရှိ

ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးရေး အေဂျင်စီကိုးခုတို့သည် လုပ်သား ၇၀၀ ကျော်ကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက မြ၀တီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂)တံတားမှတစ်ဆင့် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ထပ်မံ စေလွှတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်သားများ စေလွှတ်ခဲ့ရာတွင် ပြည်တွင်းအလုပ်အကိုင်အေဂျင်စီကုမ္ပဏီများမှ အမျိုးသား ၄၇၂ ဦး၊ အမျိုးသမီး ၂၇၀ စုစုပေါင်းလုပ်သား ၇၄၂ ဦးကို ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမ်အိုယူ အလုပ်သမားများမှာ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံ၊ခြံလုပ်ငန်း၊ ဆောက်လုပ်ရေး၊ မွေးမြူရေးအစရှိသည့် လုပ်ငန်းခွင်များသို့ သွားရောက်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရနောင်းနယ်စပ်မှ အမ်အိုယူလုပ်သား ၁၀၇ ဦးသည် ဗန်ကောက်မြို့ရှိ ဆီနို-ထိုင်း အင်ဂျင်နီယာ ရင်အဲန်ကွန်စထရတ်ရှင်းကုမ္ပဏီတွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ sdtimedaily